ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွင် ဆန်ပြတ်လပ်နေ၍ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ ဒေသခံ ၇ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာကြောင်း အဆိုပါကျေးရွာသားများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးငယ် ၂၇,၃၀၅ ဦးခန့်အား Human Papillomavirus(HPV)ကာကွယ်ဆေး ထိုးနှံပေးရန်စီစဉ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

နိုင်ငံတကာမြန်မာ့သတင်း(BNI)၏ အဖွဲ့ဝင်သတင်းမီဒီယာတိုက်များမှ အယ်ဒီတာချုပ်များအား အမှုဖွင့် တရားစွဲဆိုထားမှုကို ရွေးကောက်ပွဲမတိုင်မီ အမြန်ဆုံးရုပ်သိမ်းပယ်ဖျက်ပေးရန် အောက်တိုဘာ ၂၉ ရက်နေ့တွင် BNI က သဘောထားထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သော အစိုးရအား တောင်းဆို ထားသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ယနေ့(အောက်တိုဘာ ၂၉ ရက်) မွန်းလွဲပိုင်းအချိန်က တပ်မတော် ရေယာဉ်မှ ပစ်ခတ်မှုကြောင့် အသက်(၆)နှစ်အရွယ်ကလေး ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။