နယ်မြေဒေသ တည်ငြိမ်မှုမရှိသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပရန် တပ်မတော်က အကြံပြုခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ကျင်းပရန်လိုလားကြောင်း ပြောဆိုလာသည့် အတွက် လုံခြုံရေးကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်တချို့တွင် လုံခြုံရေးအားနည်းသည့်အတွက် ရွေးကောက်ပွဲကျင်းပရန် မသင့် ကြောင်း သက်ဆိုင်ရာဌာနအသီးသီးမှ သဘောထားပေးခဲ့သည့် နေရာများကို အောက်တိုဘာလ ၂၃ ရက်  နေ့ က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်သည်။

မြေပြင်တွင် အပြစ်မဲ့ အရပ်သားပြည်သူ များ အား ထိခိုက်နစ်နာသည့် လုပ်ဆောင်ချက် များကို  ရက္ခိုင့်တပ်တော် AA အနေဖြင့် ရပ်ဆိုင်းရန် လိုအပ်ကြောင်း ယနေ့ပြုလုပ်သည့် သမ္မတရုံးသတင်း စာရှင်းလင်းပွဲတွင် သမ္မတရုံ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

ရခိုင်နှင့်ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကိုရပ်တန့်ရန် ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများအား မတရားဖမ်းဆီး အရေးယူမှုများအပေါ် ကန့်ကွက်ကြောင်း ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် အရပ်ဖက်အဖွဲ့အစည်း ၁၈၃ ဖွဲ့က ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ကုန်နှင့်သစ်များ တင်ပို့သည့် မော်တော်ဘုတ် ၆ စီးဖမ်းမိထားပြီး စက်လှေလုပ်သား ၃ ဦးထံမှ ကိုဗစ်ပိုးတွေ့ထားရှိကြောင်း သက်ဆိုင်ရာဌာနတို့မှ သိရသည်။