ကျောက်ဖြူမြို့နယ် စနဲနှင့် အဝတောင်ကျေးရွာအကြားတွင် အောက်တိုဘာ ၂၁ ရက် နေ့လည် ၁၁ နာရီ အချိန့်က မိုင်းပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း အဝတောင် ကျေးရွာ ဒေသခံများထံမှသိရသည်။

ရခိုင်ကမ်းရိုးတန်းဒေသများတွင် ကျက်စားနေကြသော မျိုးတုန်းလုဖြစ်နေသည့် ငမန်းနှင့် ငါးလိပ်ကျောက် အကောင်ရေမှာ အလွန်အကျွံဖမ်းဆီးမှုများကြောင့် နှစ်စဉ်လျော့ကျလာလျှက်ရှိနေကြောင်း ပင်လယ်ပြင် မျိုးစိတ်ထိန်းသိမ်းရေးလုပ်ဆောင်သူများနှင့် ဒေသခံများထံမှ သိရသည်။

ရွေးကောက်ပွဲမကျင်းနိုင်သည့် မြို့နယ်များကို သတ်မှတ်ကြေညာရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံမှ သဘောထားမှတ်ချက်များကို ရယူခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

တပ်မတော်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ ဒေသခံတစ်ဦးအား အောက်တိုဘာ ၁၉ ရက်နေ့တွင် ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းလာကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူဆေးရုံတွင် အောက်တိုဘာ ၁၉ ရက် ညနေ့ပိုင်းက အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးနှင့် ယနေ့(အောက်တိုဘာ ၂၀ ရက်)နံနက်ပိုင်းက အသက်(၆၂)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။