“ကျည်ထိသွားတာက နောက်ကျောမှာ သုံးချက်ထိသွားတယ်။ ကျောက်တော်ဆေးရုံက စစ်တွေကို လွှတ်လိုက်တာ။ ဓါတ်မှန် သုံးလေးကြိမ်လောက် ရိုက်ကြည့်တဲ့အခါ အထဲမှာ ကျည်တစ်လုံးတွေ့တယ်လို့ ပြောတယ်။ အဆုပ်ကိုပါထိတဲ့အတွက် ဆရာဝန်က အသက်ပါစိုးရိမ်ရတယ်လို့ ပြောတယ်”

“တိုက်ပွဲ လုံးဝမဖြစ်စေချင်ဘူး။ ပစ်တာတွေလည်း မဖြစ်စေချင်ဘူး။ ကိုယ့်အိမ်မှာပဲ သားတွေသမီးတွေနဲ့ အေးအေးဆေးဆေးနေချင်တယ်။ အခု ထွက်ပြေးတဲ့နေ့ကစပြီး စားရတာ၊ နေရတာ အခက်ခဲကြုံတယ်။ အိပ်ရတာအခက်ခဲကြုံတယ်။ ”

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲ မူကြမ်းကို စက်တင်ဘာလ ၂၄ ရက်နေ့က ယူနက်စကို ကမ္ဘာ့အမွေအနှစ်စင်တာကို တင်သွင်းလိုက်သည်။

စက်တင်ဘာလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သည့် “ရှေးဟောင်းယဉ်ကျေးမှု၊ ဘာသာရေး၊ အဆောက်အအုံများနှင့် လူနေကျေးရွာများကို အကာအကွယ်ယူ၍ ပစ်ခတ်မှုများမပြုလုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးသင့်ကြောင်း” အဆိုကိုလည်း AA ဘက်က...

မောင်တောမြို့နယ် မြောက်ပိုင်း၊ နံသာတောင်ကျေးရွာအုပ်စု၊ ကွမ်းသီးပင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်ရာ မွတ်ဆလင်တစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု သင်္ဘောလှကျေးရွာအုပ်ချုပ်ရေး မှူး ဦးမောင်စိန်ထွန်းက ပြောသည်။