တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဒေသခံ လေးဦးမှာ အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းအချိန်က ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များ ထံမှသိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ဦးဘရွှေဆိုသူမှာ ယနေ့(အောက်တိုဘာ ၁၅ ရက်)၊ ညနေ ၆ နာရီ မိနစ်(၂၀)အချိန်ခန့်တွင် စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း အကူအညီပေးနေသူများထံမှသိရသည်။

“အရင်တုန်းကလည်း အောက်ဆီဂျင်အားနည်းချက်တွေနဲ့ လူနာတွေကို အောက်ဆီဂျင်သွင်းပြီး ကုသနေရတယ်။ အဲတော့လက်ရှိမှာ ကိုဗစ်လည်းထပ်တိုးလာတော့ ပိုပြီးအခက်အခဲဖြစ်သွားတယ်။ အောက်ဆီဂျင်က အလုံ အလောက်မရ၊ ဆေးရုံမှာက အောက်ဆီဂျင်ထုတ်တဲ့စက်ကလည်း ၁ လုံးတည်းရှိတယ်” ဟု ၎င်းကရှင်းပြသည်။

ကိုဗစ်ရောဂါပိုးကူးစက်ပြန်ပွားမှုနှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် အခြေအနေတွင် သန့်ရှင်း လွတ်လပ်မျှတသော ရွေးကောက်ပွဲများဖြစ်စေရေးအတွက် အခြေအနေများကို ပြန်လည်သုံးသပ်ပေးရန် မြန်မာနိုင်ငံရှိအနယ်နယ်အရပ်ရပ်မှ အရပ်ဖက်အဖွဲ့အစည်းပေါင်း ငါးရာကျော်က နိုင်ငံတော်သမ္မတထံ တောင်းဆိုလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာတွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိ သွားသည့် ရွာသားလေးဦးထဲမှ ဦးဘရွှေမှာ ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိပြီး ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။