ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုရှိ ရွာဟောင်းကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ဒေသခံနှစ်ဦးအား ယနေ့အောက်တိုဘာ ၁၂ ရက်နေ့တွင် ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေများထံမှ သိရသည်။

အမ်းမြို့တွင် ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကုန်စည်စီးဆင်းနေသည့် ဝင်/ထွက်ကားများကို အောက်တိုဘာ ၉ ရက် နေ့မှ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့အထိ စစ်ဆေးရာ ကုန်တင်ယာဉ်မောင်းနှင့် နောက်လိုက် ၈ ဦးတွင် ရောဂါပိုး တွေ့ရှိကြောင်း အမ်းမြို့နယ် (COVID-19)ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အနေဖြင့် အမြန်ဆုံးကြေငြာပေးရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် COVID-19 ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် အသုံးပြုပြီးသော တစ်ခါသုံး Mask(နှာခေါင်းစည်း)များကို စနစ်တကျပြန်လည်စွန့်ပစ်ရန်လိုကြောင်း ကျန်းမာရေးပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂုတ်ပီထောင့်ကျေးရွာတွင် ယမန်နေ့(အောက်တိုဘာ ၁၁ ရက်)က ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မွတ်ဆလင်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လေးလုံးပျက်စီးသွားကြောင်း ကျေးရွာသားများထံမှ သိရသည်။