ရန်ကုန်မှ ရခိုင်သို့ပြေးဆွဲနေသည့်ကားများတွင် ဆေးပစ္စည်းများနှင့် Mask များကို သယ်ဆောင်ရာ၌ သက်ဆိုင်ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ထောက်ခံချက်ပါမှ သယ်ယူခွင့်ရမည်ဖြစ်ကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ထံမှ သိရသည်။

ရခိုင်တစ်ပြည်နယ်လုံး၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၂၉ ဦးသာ ဆေးရုံများ၌ဆေးကုသမှု ခံယူလျှက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာ ၉ ရက်နေ့ထိစာရင်းအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် သီးခြားလွတ်လပ်သည့် ကော်မရှင်ဖြစ်ပြီး အစိုးရအနေဖြင့် အမိန့်ပေးစေခိုင်းခြင်းမရှိကြောင်း နိုင်ငံတော်သမ္မရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်တွင် လိုအပ်ချက်အရ တပ်မတော်အရာရှိစစ်သည် ၅၀ ကျော်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၀ ရက်) အွန်လိုင်းမှပြုလုပ်သည့် နိုင်ငံတော်သမ္မရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်(လ၀က)ရုံးမှ အမှုတွဲထိန်းဝန်ထမ်းတစ်ဦး ပျောက်ဆုံးနေရာ အောက်တိုဘာ ၉ ရက်‌ မွန်းလွဲပိုင်းအချိန်က သေဆုံးလျှက်တွေ့ရှိကြောင်း သိရသည်။