- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
AA မှ ဖမ်းဆီးသွားသည့် ကျန်းမာရေးဝန်ထမ်းအား ပြန်လွှတ်ပေးရန်တောင်းဆို
ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထားသည့် ကျေးလက်ကျန်းမာရေးမှူးတစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့(UCH Alumni)မှ မေလ ၂၄ ရက်နေ့က တောင်းဆိုထားသည်။
25 May 2020
နှင်းနွယ် | DMG
မေ ၂၅ ၊ ရသေ့တောင်
ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထားသည့် ကျေးလက်ကျန်းမာရေးမှူးတစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့(UCH Alumni)မှ မေလ ၂၄ ရက်နေ့က တောင်းဆိုထားသည်။
ဖမ်းဆီးခံထားရသူမှာ ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင် နေသည့် အသက် ၂၉ နှစ်အရွယ် ကျန်းမာရေးမှူး ကိုစိုးဝင်းသူဖြစ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် ကိုစိုးဝင်းသူအပါအဝင် ဆေးခန်းအစောင့်လင်မယားနှစ်ဦးနှင့် သမီးဖြစ်သူ စုစုပေါင်း ၄ ဦးတို့ကို ၎င်းတို့၏နေအိမ်၌ရှိနေစဉ် AA တပ်ဖွဲ့ဝင်များမှ လာရောက်ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းသို့ ဖမ်းဆီးခဲ့သည့်နေ့ ညနေ ၅ နာရီခန့်တွင် ဆေးခန်းအစောင့်လင်မယား၏ သမီးဖြစ်သူကို ပြန်လွှတ်ပေး ခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် ဆေးခန်းအစောင့်လင်မယားနှစ်ဦးကို လွှတ်ပေးခဲ့ကြောင်းသိရသည်။
သို့ရာတွင် ကျန်းမာရေးမှူး ကိုစိုးဝင်းသူ ဖမ်းဆီးခံရသည်မှာ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၁၀ ရက်ခန့် ကြာမြင့် လာကာ ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ယင်းသို့ ကျေးလက်နေပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုစိုးဝင်းသူအား AA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းအပေါ် များစွာစိုးရိမ်ပူပန်လျက်ရှိပြီး ၎င်းအားအမြန်ဆုံး ပြန်လွှတ်ပေးပေးရန်လည်း အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့မှ သဘောထား ထုတ်ပြန် တောင်းဆိုထားသည်။
ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ်မေးမြန်းသတင်းရေးသားသည့် သတင်းသမား များကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူမှုများ ရှိနေသဖြင့် ယခုကဲ့သို့ ကျေးလက် ကျန်းမာရေးမှူးတစ်ဦးအား ဖမ်းဆီးထားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး AA ကို ဆက်သွယ်မေးမြန်းရန် DMG အနေဖြင့် အခက်အခဲရှိနေသည်။