- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
တော်လှန်ရေးဖြတ်သန်းမှု နှစ်(၅၀)ကျော်ပြီဖြစ်သော်လည်း ရည်မှန်းချက်ပန်းတိုင်သို့ မရောက်သေးဟု ALP ထုတ်ပြန်
“(ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ဆိုတာ) ကျမတို့ အချုပ်အခြာအာဏာကို ရရှိတဲ့နေ့လို့ပြောရပါမယ်။ တစ်နည်းအားဖြင့် အာဏာသုံးရပ်ကို ရခိုင်ပြည်မှာ ရရှိမယ်ဆိုလို့ရှိရင် ကျမတို့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်နေ့ဘယ်ချိန်ခါ ရရှိမယ်ဆိုတာတော့ တစ်ယောက်လည်း တထစ်ချပြောလို့ရနိုင်တဲ့ စကားမဟုတ်ပါ” ဟု ALP ဗဟိုကော်မတီဝင် စောမြရာဇာလင်းက DMG သို့ပြောသည်။
02 Jan 2020

ဖဒူ ထွန်းအောင် | DMG
ဇန်နဝါရီ ၁၊ စစ်တွေ
တော်လှန်ရေးဖြတ်သန်းမှု နှစ်ပေါင်း (၅၀)ကျော်ပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ မရောက်ရှိသေးဟု ဒီဇင်ဘာလ (၃၁)ရက်နေ့တွင်ကျရောက်သည့် ရခိုင့်ဘုရင်နိုင်ငံတော်အချုပ် အခြာအာဏာကျရှုံးသည့် (၂၃၅)နှစ်မြောက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) က ထုတ်ပြန်လိုက်သည်။
မိမိတို့ပါတီသည် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသော်လည်း ရခိုင်ပြည်သူလူမျှော်မှန်းနေသော လမ်းစဉ်မှ လုံးဝသွေဖီခြင်းမရှိဘဲ ပါတီ၏ ရည်မှန်းချက်ဖြစ်သည့် အချုပ်အချာအာဏာကို ရခိုင်ပြည်သူများမှ ဖန်တီးဆုံးဖြတ်နိုင်သည့် အနေအထားတစ်ခုကို ရောက်ရှိရန်အတွက် နိုင်ငံတကာပြောင်းလဲနေမှုနှင့် မြန်မာပြည်၏ ပကတိမျက်မှောက်အခြေအနေများကို အဆက်အစပ်ရှိစွာပေါင်းစပ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
“(ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ဆိုတာ) ကျမတို့ အချုပ်အခြာအာဏာကို ရရှိတဲ့နေ့လို့ပြောရပါမယ်။ တစ်နည်းအားဖြင့် အာဏာသုံးရပ်ကို ရခိုင်ပြည်မှာ ရရှိမယ်ဆိုလို့ရှိရင် ကျမတို့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်နေ့ဘယ်ချိန်ခါ ရရှိမယ်ဆိုတာတော့ တစ်ယောက်လည်း တထစ်ချပြောလို့ရနိုင်တဲ့ စကားမဟုတ်ပါ” ဟု ALP ဗဟိုကော်မတီဝင် စောမြရာဇာလင်းက DMG သို့ပြောသည်။
ထိုသို့ ရည်မှန်းချက်ပြည့်ဝရန်အတွက် အာဏာသုံးရပ်ပါသော ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံရရှိရေးသည် အရေးကြီးပြီး ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံကို NCA လက်မှတ်ရေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့အပြင် NCA လက်မှတ်မရေးထိုးရသည့် တိုင်းရင်းသားလက်နက်ကိုင်းများနှင့် ဆွေးနွေးနေသည်။ ထို့အပြင် ပြည်ထောင်စုကို ချီတက်နေသည့်ကာလတွင်လည်း ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲနိုင်မည့်အခွင့်အလမ်း ရရှိအောင် ကြိုးစားနေဆဲဟု စောမြရာဇာလင်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် တခြားတိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးခဲ့သည်။