- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
- စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
- ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်
အမ်းမြို့နယ်တွင် ရဲဒုတပ်ကြပ်တစ်ဦး အသတ်ခံရ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာတွင် ရဲဒုတပ်ကြပ်တစ်ဦး ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခန့်က ဓားထိုးခံရပြီး သေဆုံးသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
13 Feb 2020
ကျော်သူဌေး | DMG
ဖေဖော်ဝါရီ ၁၂၊ အမ်း
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာတွင် ရဲဒုတပ်ကြပ်တစ်ဦး ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခန့်က ဓားထိုးခံရပြီး သေဆုံးသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ကဇုကိုင်းရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ် ထွန်းထွန်းနိုင်ဖြစ်ပြီး စတိုးဆိုင်တစ်ဆိုင်သို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်ရန်သွားစဉ် အမည်မသိလူတစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်လာပြီး စတိုးဆိုင်အနီးတွင် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဟု ၎င်းက ပြောသည်။
“ဈေးဆိုင်မှာ ဈေးဝယ်ဖို့ဆိုင်ကယ်နဲ့သွားတယ်။ အဲဒီမှာ အမည်မသိသူတစ်ဦးက ဆိုင်ကယ်နဲ့လိုက်လာပြီး ဓားနဲ့ထိုးသွားတယ်။ အဲဒီနေရာမှာပဲ သေသွားပါတယ်” ဟု အဆိုပါ အမည်မဖော်လိုသူကဆိုသည်။
သေဆုံးသူမှာ ဘယ်ဖက်ရင်အုံတွင် ဓားဒဏ်ရာ ၁ ချက်၊ ရင်ဝတွင် ၁ ချက်၊ ပါးပြင်တွင် ၁ နှင့်လည်ပင်းတွင် ၁ ချက် စုစုပေါင်းထိုးသွင်းဒဏ်ရာ (၄)ချက်ဖြင့် သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့မရဲစခန်းမှ ဒုရဲမှူးအေးမင်းကို ဆက်သွယ်ရာတွင် ဖြေကြားခြင်းမရှိပေ။
အဆိုပါအမှုနှင့်ပတ်သက်ပြီး အမည်မသိသူကို အမ်းမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)/၅၄တို့ဖြင့် အမှုဖွင့်လှစ်ထားသည်ဟု သိရသည်။