ချလူးအောင် | DMG

ဇူလိုင် ၇၊ စစ်တွေ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၄၀ လုံခြုံရေး ကင်းစခန်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းရှိ တောင် ကုန်းပေါ်မှ လောင်ချာများဖြင့် ပစ်ခတ်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ရာမှ မြန်မာဘက်က စစ်သည် တစ်ဦး ကျဆုံးသွားသည်ဟု အဆိုပါ လုံခြုံရေး ကင်းစခန်းမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက DMG ကိုပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ ညနေ ၆ နာရီကျော်မှ စတင်ကာ ယနေ့ ဇွန်လ ရက်နေ့၊နံနက် ၇ နာရီကျော်ခန့်အထိ အမည်မသိအဖွဲ့အစည်းတစ်ခုက စတင်ပစ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ထို့ကြောင့် ခမရ ၅၆၄ လှုပ်ရှားအဖွဲ့မှ စစ်သည် တစ်ဦးကျဆုံးခဲ့ဟု အဆိုပါ အရာရှိကဆိုသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ ယင်းထက်ကျဆုံးမှုများရှိနိုင်သည်ဟု ဝေလာတောင်ဒေသခံတစ်ဦးက ပြောဆို သော်လည်း DMG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ကျေးရွာ အနီး မှတ် တိုင် ၄၁ ကင်းစခန်း၏ အရှေ့ဖက် တောင်ကြောကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိသွားသည်။

Author: ချလူးအောင်