- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲစီစဉ်သူ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံး၊ ထောက်ခံပွဲပျက်သွား
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် အမှုရင်ဆိုင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ထောက်ခံပြုလုပ်ရန်စီစဉ်သူ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်း ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းက ပျောက်ဆုံးသွားသည်။
12 Dec 2019

ချလူးအောင် | DMG
ဒီဇင်ဘာ ၁၂၊ စစ်တွေ
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် အမှုရင်ဆိုင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ထောက်ခံပြုလုပ်ရန်စီစဉ်သူ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်း ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းက ပျောက်ဆုံးသွားသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က DMG ကို အတည်ပြုသည်။
“ဆိုင်ကယ်ပါ လူပါပျောက်နေတယ်။ သူပျောက်ဆုံးမှုနဲ့ပတ်သက်လို့ ရဲကတော့ လိုက်ရှာနေကြတယ်”ဟု ဦးရွှေလှအောင်က ပြောသည်။
ICJ တွင် အမှုရင်ဆိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ဘူးသီးတောင်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးဆောင်ပြီး ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားသည်။
သို့သော် ပါတီဥက္ကဋ္ဌ ပျောက်ဆုံးနေသောကြောင့် ထောက်ခံပွဲပျက်သွားကာ ပါတီရုံးလည်းပိတ်ထားသည်ဟု ဒေသခံများထံက သိရသည်။
ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရန် လျှို့ဝှက်ကြံစည်သည်ဟု စွပ်စွဲချက်များဖြင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမှုဖွင့်ထားသောကြောင့် မြန်မာအစိုးရ ရင်ဆိုင်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန် သွားရောက်ဖြေရှင်းမည် ဖြစ်သောကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ တစ်ညီတစ်ညွှတ်တည်း ထောက်ခံပွဲပြုလုပ်မည်ဟု ဦးရဲသိန်းက ဒီဇင်ဘာလ (၇)ရက်နေ့တွင် DMG ကို ပြောဆိုခဲ့သည်။