- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
- ရေနစ်မြုပ်မှုကြောင့် လယ်ဧကပျက်စီးမှု များ၍ ရခိုင်တောင်သူများ အခက်ကြုံ
ဘင်္ဂလားဒေ့ရှ်သို့ သစ်မှောင်ခိုပို့သူ (၈) ဦးကို မောင်တောတွင်ဖမ်းဆီးထား
မြန်မာဘက်မှ တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်သစ်များတင်ပို့ရန် သယ်ဆောင်လာသူ (၈) ဦးကို ဖမ်းဆီးပြီး မောင်တောမြို့တွင် အမှုဖွင့်လှစ်ထားကြောင်းသိရသည်။
15 Nov 2019
ချလူးအောင် | DMG
နိုဝင်ဘာ ၁၅ ၊ မောင်တော
မြန်မာဘက်မှ တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်သစ်များတင်ပို့ရန် သယ်ဆောင်လာသူ (၈) ဦးကို ဖမ်းဆီးပြီး မောင်တောမြို့တွင် အမှုဖွင့်လှစ်ထားကြောင်းသိရသည်။
တရားမဝင် ကန်းညင်သစ် တန်ချိန် ၂၀ ကျော်တင်ဆောင်လာသည့် သစ္စာရွှေစင်အမည်ရှိ မော်တော်ဘုတ်ကို လူ (၈) ဦးနှင့်အတူ ပေါက်တောမြို့နယ် နှာခေါင်းတိုချောင်း၏ အနောက်ဖက် ၃ မိုင်ခန့်အကွာတွင် စစ်ရေယာဉ်မှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျနော်တို့ကို ရေတပ်က တရားဝင်လွှဲပြောင်းလာတယ်။ ဒါကြောင့် သစ်တောဥပဒေပုဒ်မ ၄၂(က)အရ အရေးယူဆောင်ရွက်ဖို့ နယ်ခြားစောင့်မှာ အမှုဖွင့်လှစ်ထားပါတယ်” ဟု မောင်တောမြို့နယ် သစ်တောဦးစီးအရာရှိ ဦးမိုးမြင့်ဇော်က DMG ကိုပြောသည်။
တရားမဝင်သစ်တင်ပို့မှုဖြင့် ဖမ်းဆီးခံထားရသူများမှာ မောင်အေးချမ်း၊ ဦးကျော်ညွန့် ၊ ဦးမောင်ကံဝင်း ၊ ဦးစံသိန်းမောင် ၊ မောင်လှကျော်ဝင်း ၊ ဦးထွန်းကျော်စိန် ၊ ဦးစံရွှေမောင် ၊ ဦးမောင်ဌေးဝင်းတို့ဖြစ်ကြသည်။
ထိုသို့ ဖမ်းဆီးထားသူ ၈ ဦးအား နိုဝင်ဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သစ်များတင်ပို့မှုကို ဖမ်းဆီးရမိမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး သစ်တန်ချိန် ၂၂ ဒသမ ၂၅ ပါဝင်ကြောင်း သိရသည်။