- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ဥပဒေအရ မှန်ကန်စွာဆောင်ရွက်ပေးစေလိုကြောင်း အကြမ်းဖက်ဥပဒေနှင့် တရားစွဲခံထားရသူများပြော
"နိုင်ငံတော်မှာ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတဲ့အတိုင်း တပ်မတော်ဟာ မိဖသဖွယ်ထားပြီးတော့ မှန်မှန်ကန်ကန် ပြုလုပ်ပေးစေချင်တယ်။ ကျွန်တော်တို့ကတော့ ကိုယ်မဟုတ်ဘဲနဲ့ စွပ်စွဲခံရတဲ့အတွက် စိတ်မကောင်းပါဘူး၊ အခုလိုစွပ်စွဲခံရတဲ့အတွက် အင်မတန်ဝမ်းနည်းမိပါတယ်"
15 Aug 2019
ခိုင်မင်း(ကျောက်ဖြူ) | DMG
သြဂုတ် ၁၄၊ ကျောက်ဖြူ
တပ်မတော်သာအမိ၊ တပ်မတော်သာအဖဖြစ်သည့်အတွက် ဥပဒေအရ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးစေလိုကြောင်း အမ်းမြို့နယ်မှ အကြမ်းဖက်ဥပဒေနှင့် ဖမ်းဆီးတရားစွဲခံထားရသေူ ၃ ဦးက ပြောဆိုလိုက်သည်။
သြဂုတ်လ ၁၃ ရက်နေ့က ကျောက်ဖြူခရိုင် တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်စစ်ဆေးအပြီးမှာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"နိုင်ငံတော်မှာ တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုတဲ့အတိုင်း တပ်မတော်ဟာ မိဖသဖွယ်ထားပြီးတော့ မှန်မှန်ကန်ကန် ပြုလုပ်ပေးစေချင်တယ်၊ ကျွန်တော်တို့ကတော့ ကိုယ်မဟုတ်ဘဲနဲ့ စွပ်စွဲခံရတဲ့အတွက် စိတ်မကောင်းပါဘူး။ အခုလိုစွပ်စွဲခံရတဲ့အတွက် အင်မတန်ဝမ်းနည်းမိပါတယ်" ဟု အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသူများကပြောသည်။
ဖမ်းဆီးခံထားရသူများမှာ အမ်းမြို့နယ်မှ ဦးမောင်ဖြူသန်းအပါအဝင် ၃ ဦးတို့ဖြစ်ပြီး ၎င်းတို့နေထိုင်သည့် နေရာနှင့် တစ်မိုင်ကျော်ခန့်ဝေးသောနေရာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သံသယဖြင့်ခေါ်ယူခြင်းခံရပြီး အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သလို တရားစွဲဆိုခံထားရသူ ဦးစံအောင်ကျော်၏ သားဖြစ်သူ ကိုဖြိုးမြတ်နိုင်မှ ဖခင်ဖြစ်သူမှာ အပြစ်မရှိသည့်အတွက် လွှတ်ပေးစေလိုကြောင်းလည်း ပြောဆိုသည်။
"အခုဖမ်းဆီးခံရတဲ့အထဲမှာ ကျွန်တော့်အဖေ နာမည်က ဦးစံအောင်ကျော်ပါ၊ ဖမ်းထားတဲ့(၃)ယောက်ထဲက တစ်ယောက်ပေါ့၊ ကျွန်တော်တို့ နေတဲ့နေရာနဲ့ တစ်မိုင်ကျော်လောက်ဝေးတဲ့နေရာမှာ ဖောက်ခွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်၊ အဲဒါန ဲ့နည်းနည်းဆက်စပ်မှုရှိသလို သူတို့ကစစ်ဆေးမယ်ဆိုပြီး ခေါ်သွားတာပါ၊ တရားစွဲထားတဲ့အပေါ်မှာ ကျွန်တော်တို့ပြောချင်တာကတော့ အပြစ်မရှိတဲ့လူကို ဖမ်းထားတာကို ပြန်ပြီးတော့ လွှတ်ပေးစေချင်ပါတယ်"ဟုပြောသည်။
တရားစွဲဆိုခံထားရသူ ဦးမောင်ဖြူသန်းပါ ၃ ဦးတို့အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေများကို စစ်ဆေးရာတွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်မှုမရှိဟု ထွက်ဆိုခဲ့ကြသည်ဟု ၎င်းတို့၏ ရှေ့နေ ဦးထိန်လင်းကပြောသည်။
"ဗိုလ်မှူး တင်အောင်လင်း တရားလိုပြုလုပ်ပြီးတော့ မောင်ဖြူသန်းပါ (၃) ဦးကို အကြမ်းဖက်ဥပဒေ ၅၀(က)၊ ၅၁(ဂ)တို့နဲ့ စွပ်စွဲတာပေါ့၊ လက်ရှိအနေအထားကို ပြောမယ်ဆိုရင်တော့ သက်သေထွက်ချက်အပေါ်မှာပဲပြော ရမှာပေါ့၊ သက်သေ(၄)ယောက်ရဲ့ထွက်ဆိုချက်ကတော့ ဒီစွပ်စွဲခံရတဲ့ မောင်ဖြူသန်းပါ (၃) ဦးကို အကြမ်းဖက် အဖွဲ့အစည်းနဲ့ အဆက်အသွယ်တစ်စုံတစ်ရာမှ ပတ်သက်ဆက်နွယ်မှု မရှိဘူးဆိုတာကိုတော့ အတိအလင်း ထွက်ဆိုကြတယ်ပေါ့"ဟုဆိုသည်။
ဦးမောင်ဖြူသန်း၊ ဦးစံအောင်ကျော်၊ဦးရဲဘော်သူတု့ိ ၃ ဦးကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)၊ ၅၁(ဂ)တို့ဖြင့် တပ်ရင်း (၃၇၃)မှ ဗိုလ်မှူးတင်အောင်လင်းက တရားလိုပြုကာ အမ်းရဲစခန်းတွင် ဇူလိုင်လ အတွင်းက အမှုဖွင့်လှစ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။