- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
ကိုဗစ်ကာလ စစ်တွေမြို့ရှိ အခြေခံလူတန်းစားများကို အစိုးရက တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့မည်
Covid-19 ကပ်ရောဂါကာလတွင် စစ်တွေမြို့ရှိ စားဝတ်နေရေးအခက်အခဲရှိနေသည့် အခြေခံလူတန်းစား လက်လုပ်လက်စားများအတွက် အစိုးရက တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
25 Aug 2020
မျိုးသီရိကျော် | DMG
သြဂုတ် ၂၅ ၊ စစ်တွေ
Covid-19 ကပ်ရောဂါကာလတွင် စစ်တွေမြို့ရှိ စားဝတ်နေရေးအခက်အခဲရှိနေသည့် အခြေခံလူတန်းစား လက်လုပ်လက်စားများအတွက် အစိုးရက တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
စစ်တွေမြို့အတွင်း Stay at home ကာလသတ်မှတ်ထားချိန်တွင် လက်လုပ်လက်စားများမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးကာ အခက်အခဲဖြစ်နေသည့်အတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးဝင်းမြင့်က ပြောသည်။
“စစ်တွေမြို့မှာ Stay Home ကာလ သတ်မှတ်ထားတယ်ပေါ့နော်။ ဆိုတော့ ဒီလိုအချိန်မျိုးမှာ လက်လုပ်လက်စားတွေ ဒုက္ခရောက်နေကြမှာဖြစ်တယ်။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း နည်းပါးမယ်။ ဒါကြောင့်မို့လို့သူတို့အတွက် အထောက်အပံ့ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးတာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးဝင်းမြင့်ကဆိုသည်။
စစ်တွေမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ များပြားလာသဖြင့် မြိုခံပြည်သူများအနေဖြင့် မိမိနေအိမ်၌ (Stay at Home) နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက်နေ့က ကြေငြာခဲ့သည်။
ရောဂါကူးစက်မှုမြင့်တက်နေသောကြောင့် လုပ်ငန်းများကို ရပ်နားထားရသည့်အတွက် အခြေခံလူတန်းစား လက်လုပ်လက်စားများမှာ စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေကြသည်။
လက်လုပ်လက်စားများအနေဖြင့် အလုပ်အကိုင်ရှားပါးနေချိန်တွင် အစိုးရက ငွေကျပ်နှစ်သောင်းထောက်ပံ့ခြင်းသည် ၎င်းတို့စားဝတ်နေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်စေကြောင်း ဘေးတွဲဆိုင်ကယ်မောင်းနေသူ တစ်ဦးဖြစ်သည့် ဦးလှရွှေမောင်က ပြောသည်။
“နှစ်သောင်းဆိုတာက ကျနော်တို့အတွက် ၅ ရက်စာလောက်တော့ စားသောက်လို့ရတယ်ပေါ့နော်။ ဒါပေမဲ့လည်း မိသားစုများတဲ့သူတွေဆိုရင်တော့ အများဆုံး ၃ ရက်စာလောက်ပဲစားရမှာ။ ဒါကြောင့် အစိုးရဆီကလည်း ဒီလိုမျိုးသာ မထောက်ပံ့ပေးဘူးဆိုရင်တော့ ကျနော်တို့ ထမင်းငတ်သွားနိုင်တယ်” ဟု ၎င်းကဆိုသည်။
လက်ရှိ အစိုးရက ထောက်ပံ့မည့် ငွေကျပ်နှစ်သောင်းမှာ ပုံမှန်လက်လုပ်လက်စားများအနေဖြင့် အချိန်တိုအတွင်း ကုန်သွားနိုင်သဖြင့် ပိုမိုထောက်ပံ့ရန်လိုအပ်ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။
“အိမ်ထောင်စုတစ်စုကို နှစ်သောင်းကျပ် ထောက်ပံ့ပေးတာကတော့ အစိုးရအနေနဲ့လုပ်သင့်တဲ့ကိစ္စတစ်ခု ဖြစ်တယ်။ နှစ်သောင်းဆိုတာကလည်း ရက်တိုအတွင်းကုန်သွားနိုင်တယ်။ ဒါကြောင့်မို့ ဒီလိုအချိန်မျိုးမှာ ဒီထက်ပိုပြီးတော့လည်း ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ ်” ဟု ၎င်းကဆိုသည်။
စစ်တွေမြို့၌ Stay at home သတ်မှတ်ထားချိန်တွင် စစ်တွေမြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၉၉၀၇)စုအတွက် ငွေကျပ်သိန်းပေါင်း ခြောက်ထောင်ခန့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေမှူးများမှတစ်ဆင့် ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် :