- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
COVID-19 ကာလတွင် ဒုက္ခသည်များနှင့် အခြေခံလူတန်းစားများကို အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မည်
မြန်မာနိုင်ငံတွင် COVDI-19 ကန့်သတ်ကာလအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များနှင့် အခြေခံလက်လုပ်လက်စားများ စားဝတ်နေရေးအဆင်ပြေနိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ငွေကြေးထောက်ပံ့ပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။
19 May 2020
ဝင်းညွန့် | DMG
မေ ၁၉ ၊ စစ်တွေ
မြန်မာနိုင်ငံတွင် COVDI-19 ကန့်သတ်ကာလအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များနှင့် အခြေခံလက်လုပ်လက်စားများ စားဝတ်နေရေးအဆင်ပြေနိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ငွေကြေးထောက်ပံ့ပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။
အစိုးရက အခြေခံလူတန်းစားများနှင့် ဒုက္ခသည်များအတွက် ထောက်ပံ့ငွေများကို Online payment ၊ Wave Money နှင့် KBZ Pay များမှတဆင့် ထောက်ပံ့ရန်နှင့် အဆင်ပြေစွာပေးနိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းနေကြောင်း မေလ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
“ပြီးခဲ့တဲ့ ရိက္ခာ ၅ မျိုး ဝေတုန်းက အိမ်ထောင်စု ၄ သန်းနီးပါးရှိပါတယ်။ ဒီဟာကို အခြေခံပြီးတော့ နောက်ထပ် ကျနော်တို့ ပိုမိုသေချာအောင် မှန်ကန်တဲ့ Information တွေရအောင် ကျနော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်စားများနှင့် စစ်ဘေးရှောင်များအတွက် တစ်အိမ်ထောင်ကို ထောက်ပံ့ငွေကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ အကြား ထောက်ပံ့သွားမည်ဟု ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။
အစိုးရက COVID-19 ကန့်သတ်ကာလအတွင်း ဒုက္ခသည်များနှင့် အခြေခံလူတန်းစားများကို ကူညီပေးမည့်အစီအစဉ်ကို ရခိုင်စစ်ဘေးဒုက္ခသည်များက ကြိုဆိုကြသည်။
“အခုလို အစိုးရက ဒုတိယအကြိမ်ထောက်ပံ့တာကတော့ ပြည်သူ့တွေအတွက် အထောက်ပံတစ်ခု ဖြစ်တာပေါ့။ တိုက်ပွဲဖြစ်နေတော့ လုပ်စား၊ ကိုင်စားဖို့နေရာမရှိဘူး။ နောက်ပြီးတော့ ကိုရိုနာရောဂါကြောင့် လူတွေက အပြင်မထွက်ရဲကြဘူးပေါ့။ အခုလို အစိုးရက ထောက်ပံ့ပေးမယ်ဆိုတော့ ကောင်းတာပေါ့” ဟု တိမ်ညိုစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဝေလှအောင်က ပြောသည်။
ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိသည့် တစ်နိုင်ငံလုံးမှ အိမ်ထောင်စု ၄ သန်းခန့်အတွက် ကျပ်သိန်းပေါင်း ၅၀ ဒသမ ၈၄၈ ဘီလီယံကျော်ကို ပထမအကြိမ်အဖြစ် သုံးစွဲခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ထိုသို့ ထောက်ပံ့ရိက္ခာပေးရာတွင် အခြေခံလူတန်းများထဲမှ မရသူများရှိကြောင်း အငြင်းပွားမူများ ရှိနေကြသည်။ ထိုကြောင့် ယခုအခါ ပုံစံစာရွက်ပေါ်မှာ အမည်၊ လုပ်အကိုင်များကို ရွေးချယ်သတ်မှတ်ပြီး စာရင်းကောက်ယူမှုစနစ်ကို အသုံးပြုပြီးမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောဆိုထားသည်။
ယခု ဒုတိယအကြိမ်ထောက်ပံ့မည့် အစီအစဉ်တွင် ငွေမည်မျှသုံးစွဲသွားမည်ကို မသိရသေးဘဲ ယခင်က ပေးအပ်ခဲ့သည့် စာရင်းများကို အခြေခံကာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။