- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
စစ်တွေ ကိုဗစ်ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ၁၃ ဦး၏ ပထမအကြိမ်စစ်ဆေးချက်တွင် ကိုဗစ်ပိုးမတွေ့
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့က Covid-19 ပိုးတွေ့ရှိသည့် လူနာအမှတ် ၂၉၂ နှင့် ထိတွေ့ ခဲ့သူ ၁၃ ဦးတွင် ကိုဗစ်ပိုးမတွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
27 Jun 2020
ကျော်သူဌေး | DMG
ဇွန် ၂၇ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့က Covid-19 ပိုးတွေ့ရှိသည့် လူနာအမှတ် ၂၉၂ နှင့် ထိတွေ့ ခဲ့သူ ၁၃ ဦးတွင် ကိုဗစ်ပိုးမတွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ ၁၃ ဦးမှာ သင်္ဘောတွင် လိုက်ပါလာသူ ရှစ်ဦး၊ ဟိုတယ်တွင်ထိတွေ့ခဲ့သူ သုံးဦး၊ လှေပေါ်မှ ဆိပ်ကမ်းသို့ပို့ပေးသည့် စက်လှေမောင်းသူတစ်ဦးနှင့် ဆိုင်ကယ်မောင်းသူ တစ်ဦးတို့ဖြစ်ကြသည်။
ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ ၁၃ ဦးတို့၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် နမူနာတို့ကို ရန်ကုန်မြို့ အမျိုးသား ဓါတ်ခွဲဌာနသို့ ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ပေးပို့စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိဟု ဇွန်လ ၂၆ ရက်နေ့တွင် အကြောင်းပြန်ခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“အကုန်လုံး Negative ပဲ။ သူတို့ကိုက အခုက Quatantine နေရာမှာ ထားထားတယ်။ သူတို့ကို Quarantine ပြည့်ပြီးရင်ပြန်လွှတ်မယ်။ နောက်ထပ် စစ်ဆေးချက်တွေတော့ လုပ်ဖို့ရှိသေးတယ်” ဟု ၎င်းကဆိုသည်။
ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများအား စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံများရှိ သတ်မှတ် နေရာများတွင် စောင့်ကြည့်ထားပြီး နောက်ထပ်စစ်ဆေးပေးပို့ရန်ရှိကြောင်းလည်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည့် လူနာ ၁၂ ဦးရှိသည့်အနက် သံတွဲမြို့မှ ပိုးတွေ့လူနာမှာ ရောဂါကောင်းမွန်သဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင် ဆေးရုံမှဆင်းသွားပြီဖြစ်သည်။
ပိုးတွေ့လူနာများမှာ စစ်တွေဆေးရုံတွင်တစ်ဦး၊ မောင်တောဆေးရုံတွင် ခုနှစ်ဦး၊ ဘူးသီးတောင်ဆေးရုံတွင် နှစ်ဦးနှင့် တောင်ကုတ်ဆေးရုံတွင်တစ်ဦးရှိကြောင်း သိရသည်။