- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
အမ်းဒေသခံ ၁၄ ဦး အား တပ်မတော်က ဖမ်းဆီးသွားသည်မှာ တစ်ပတ်ခန့်ကြာပြီဖြစ်သော်လည်း မိသားစုနှင့် တွေ့ခွင့်မရသေး
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု မြောက်ဘက်ရွာမှ ၁၂ ဦးနှင့် အနောက်ဘက်ရွာမှ ၂ ဦးတို့အားအောက်တိုဘာ ၂၀ ရက်နေ့ကပင် တပ်မတော် တပ်ရင်း (၆၆)က ဖမ်းဆီးသွားသည်မှာ ၆ ရက်ရှိပြီဖြစ်သော်လည်း မိသားစုဝင်များနှင့် တွေ့ခွင့်မရ၍ စိုးရိမ်နေကြသည်။
26 Oct 2020
ဉာဏ်ဟိန်း | DMG
အောက်တိုဘာ ၂၆ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု မြောက်ဘက်ရွာမှ ၁၂ ဦးနှင့် အနောက်ဘက်ရွာမှ ၂ ဦးတို့အားအောက်တိုဘာ ၂၀ ရက်နေ့ကပင် တပ်မတော် တပ်ရင်း (၆၆)က ဖမ်းဆီးသွားသည်မှာ ၆ ရက်ရှိပြီဖြစ်သော်လည်း မိသားစုဝင်များနှင့် တွေ့ခွင့်မရ၍ စိုးရိမ်နေကြသည်။
“သူတို့က ငါးရှာဖို့ တစ်ဖွဲ့တည်းသွားကြတော့ လမ်းမှာအဖမ်းခံရတာ။ ဗိုလ်ကြီးတစ်ယောက်နဲ့တော့ အဆက်သွယ်ရတယ်။ လူချင်းတွေ့ခွင့်မရသေးဘူး။ ဘာမှအပြစ်မှမရှိဘဲ အခုလို ခေါ်သွားတော့ ကျွန်မတို့စိုးရိမ်တယ်” ဟု ဖမ်းဆီးခံရသူ ဦးငွေသိန်း ၏ဇနီးဖြစ်သူ ဒေါ်ဝေမာရီက ဆိုသည်။
ထို့သို့ ဖမ်းဆီးခံရသူတို့မှာ ဒါးလက်မြောက်ဘက်ကျေးရွာမှ ဦးညီညီမောင်၊ ဦးဝင်းဌေးမောင်၊ ဦးမောင်ကြည်သန်း၊ ဦးငွေသိန်း၊ ဦးညီဝင်း၊ ဦးလွမ်းဝေ၊ ဦးမောင်မြင့်ဌေး၊ ဦးတင်ရွှေ၊ ဦးကျော်ဌေးလှိုင်၊ ဦးခင်မောင်မြင့်နှင့် အမည်မသိရသေးသူ နှစ်ဦးတို့အပြင် အနောက်ဘက်ကျေးရွာမှ ဖမ်းဆီးခံထားရသူ နှစ်ဦး၏ အမည်ကို မသိရှိသေးကြောင်း မြောက်ဘက်ကျေးရွာတာဝန်ခံ ကရှင်းပြသည်။
အလားတူ တောင်ယာနှင့် ငါးရှာကာ လုပ်ကိုင်စားသောက်နေသူ ဦးဌေးမောင်၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမာ ကလည်း ဖမ်းဆီးသွားသည့်အကြောင်းရာကို သိချင်ကြောင်း၊ ၎င်းတို့မှာ အပြစ်မရှိကြောင်း ယခုလို ဖမ်းဆီးခံထားရပြီး မိသားစုနှင့်တွေ့ခွင့်မရ၍ စိုးရိမ်နေရကြောင်း ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့ကို DMG ကဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြသည်မှာ ၂ ခန့်ရှိလာနေသည့်အတွင်း ၂၀၂၀ ခုနှစ် ဇွန်လမှ အောက်တိုဘာ ၂၅ ရက်နေ့အထိ DMG မှ စာရင်းကောက်ယူထားချက်အရ သံသယဖြင့် ဖမ်းဆီးခံသော အရပ်သား ၁၀၅ ဦး၊ ဒဏ်ရာရရှိသူ ၁၁၇ နှင့် သေဆုံးသူ ၄၃ ဦးရှိပြီဖြစ်သည်။