- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့၏ အယူခံလျှောက်ထားချက် လက်ခံသင့်၊မသင့် ဇူလိုင် ၂၆ ရက်နေ့ ကြားနာမည်
“အယူခံတက်ရတဲ့ အကြောင်းပြချက် ၃ ခုက နိုင်ငံတော်ပုန်ကန်မှုဆိုတာ လက်နက်ကိုင်ပြီးတိုက်ခိုက်ရမယ်။ အခုက လက်နက်မရှိပဲ ပါးစပ်နဲ့ပြောလို့ နိုင်ငံတော်ပုန်ကန်မှုဆိုတာ အင်္ဂလိပ်ခေတ်တုန်းကပင် တရားစီရင်မှုမှာ တခါမှ မရှိခဲ့ဘူး။ နောက်တစ်ခုက ပြုလုပ်မှုတစ်ခုတည်းအပေါ်မှာ အပြစ်နှစ်မျိုးပေးတယ်။ နောက်တစ်ခု သက်သေခံ CD ခွေကိစ္စဟာ မိတ္တူဖြစ်နေတယ်ဆိုတဲ့ အကြောင်းသုံးခုနဲ့ တက်ထားတာကြောင့်ဖြစ်တယ်”
24 Jul 2019

ခိုင်ရိုးလ/ DMG
ဇူလိုင်လ ၂၃၊ စစ်တွေ
ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အမှု ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံလျှောက်ထားချက် လက်ခံသင့်၊မသင့် လာမည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကြားနာမည်ဟု ဒေါက်တာအေးမောင်၏ ရှေ့နေတစ်ဦးက ပြောသည်။
သူတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် မကျေနပ်သည့်အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် အယူခံတက်ရာတွင် ပယ်ချခြင်း ခံရသည်။ ထို့ကြောင့် မေလ ၂၉ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတက်ရန် တင်သွင်းခဲ့ခြင်းဖြစ်သည်။
“အယူခံတက်ရတဲ့ အကြောင်းပြချက် ၃ ခုက နိုင်ငံတော်ပုန်ကန်မှုဆိုတာ လက်နက်ကိုင်ပြီးတိုက်ခိုက်ရမယ်။ အခုက လက်နက်မရှိပဲ ပါးစပ်နဲ့ပြောလို့ နိုင်ငံတော်ပုန်ကန်မှုဆိုတာ အင်္ဂလိပ်ခေတ်တုန်းကပင် တရားစီရင်မှုမှာ တခါမှ မရှိခဲ့ဘူး။ နောက်တစ်ခုက ပြုလုပ်မှုတစ်ခုတည်းအပေါ်မှာ အပြစ်နှစ်မျိုးပေးတယ်။ နောက်တစ်ခု သက်သေခံ CD ခွေကိစ္စဟာ မိတ္တူဖြစ်နေတယ်ဆိုတဲ့ အကြောင်းသုံးခုနဲ့ တက်ထားတာကြောင့်ဖြစ်တယ်” ဟု ဒေါက်တာအေးမောင်အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင် ကျော်စိန် ကပြောသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အယူခံလျှောက်ထားချက်ကိုလက်ခံလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဦးအောင်ကျော်စိန်က ပြောသည်။
“သက်သေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေအရဆိုရင် ဒီစီဒီခွေကိုတင်ပြလို့မရဘူးလေ။အခုဒီစီဒီခွေက စာသားလုပ်တယ်ဆိုတာက ဥပဒေအရ ဆန့်ကျင်တယ်။ ဒါကြောင့် ဥပဒေအကြောင်းအရ မှားနေတာက မျက်စိထဲမှာမြင်သာတယ်။ ဒါကြောင့် ဥပဒေကြောင်းရာအရ လက်ခံမယ်လို့မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ ခု၊ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့တွင် ကျင်းပသည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျရှုံးခြင်းဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ ၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (ခ) တို့ဖြင့် စစ်တွေခရိုင်တရား ရုံးက မတ်လ ၁၉ ရက်နေ့တွင် ထောင်ဒဏ် နှစ် (၂၀)ချမှတ်လိုက်သည်။