
(EU သမဂ္ဂအဖွဲ့အား မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွင်တွေ့ရစဉ်။ ဓါတ်ပုံ - ချလူးအောင်/DMG)
မေလ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။ ။ Mr.Christops Styliandes ဦးဆောင်သော EU သမဂ္ဂအဖွဲ့ဝင် ၉ ဦး အဖွဲ့သည် ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် အထူးလေယာဉ်ဖြင့် စစ်တွေသို့ ရောက်ရှိပြီး စစ်တွေမှ Speed Boat များဖြင့် ဘူးသီးတောင်သို့ ရောက်ရှိကာ ထိုမှတစ်ဆင့် မောင်တောသို့ နေ့လည် ၃ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြောင်း သိရသည်။
EU သမဂ္ဂအဖွဲ့ဝင် ၉ ဦးမှာ UNHCR ရုံး AZG နှင့် ACF စသည့်ရုံးများသို့ သွားရောက်ကြပြီး မောင်တော ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့လည်း ရောက်ရှိခဲ့သည်။ အဆိုပါ ၉ ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွဋ်နှင့်တွေ့ဆုံပြီး အချက် (၄) ချက်ကို ဆွေးနွေးခဲ့ကြသည်။
“ (၁) ဘင်္ဂလီ ကျေးရွာများအား UN အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ရေးများ ပေးအပ်ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးထံမှ ခွင့်ပြုမိန့် ရယူခြင်းမလိုဘဲ လွတ်လပ်စွာ ကူညီထောက်ပံနိုင်ရေး၊ (၂) မောင်တော ဘူသီးဒေသရှိ ဘင်္ဂလီများအား ကန့်သတ်ချုပ်ချယ်ထားခြင်းမရှိဘဲ လွတ်လပ်စွာ သွာလာခွင့်ရှိရေး။
(၃) ဝါးပိတ်ကျေးရွာနဲ့ ပတ်သတ်ပြီး ပြည်နယ်အစိုးရက အိမ်ရာများဆောက်လုပ်ပေးရန် လျာထားသော ပေ ၄၀ x ၆၀ ဆောက်လုပ်ပေးမူ အခြေအနေများ။
(၄) ဘင်္ဂလားဒေခ်ျနိုင်ငံအား ထွက်ပြေးတိန်းရှောင်သွားတဲ့ ဘင်္ဂလီများပြန်လာနိုင်ရေး။ ” စသည့်ကိစ္စရပ်များအား တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။
မနက်ဖြန် (မေလ ၁၄ ရက်နေ့)တွင် EU သမဂ္ဂအဖွဲ့မှ ဝါးပိတ်ကျေးရွာသို့ သွားရောက်မည်ဖြစ်ပြီး ပြည်နယ်အစိုးရ၏ လုံးချမ်းအိမ်ဆောက်ပေးမှူအခြေအနေများကို လေ့လာမည်ဟု သိရသည်။




