
ဇွန် ၈ | DMG
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ထုတ်ပြန်လိုက်ပြီး ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ်ထက် တိုးတက်လာပြီး (၆)ဘာသာဂုဏ်ထူးရှင် ၁၆ ဦးပါဝင်သည်။
၂၀၁၉ ခုနှစ်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ (၄)သောင်းကျော် ပါဝင်ဖြေဆိုခဲ့ပြီး (၁)သောင်းကျော်အောင် မြင်ခဲ့ကြသည်။ တစ်ပြည်နယ်လုံး၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၃.၉၇ ရာခိုင်နှုန်းရှိသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၂၁.၄၅ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့ကြောင့် ယခုနှစ်နှင့်နှိုင်းယှဉ်ကြည့်လျှင် ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ မြင့်မားလာသည်။
၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရှင် ၂၂ ဦးနှင့် (၄)ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၄၇)ဦး၊(၂)ဘာသာ ဂုဏ်ထူးရှင် (၁၄၄)ဦး၊(၁)ဘာသာဂုဏ်ထူးရှင် (၆၂၉)တို့ ပါဝင်သည်။




