ကားလမ်းမပေါ်တွင် ရေပြည့်နေမှုကြောင့် ဇွန်လ (၁၃) ရက်နေ့ကစပြီး ခရီးတင်ယာဉ်များ ပြေးဆွဲမှုကို ရပ်နားထားရသည်။ ဓာတ်ပုံ - တက္ကသိုလ် မောင်ထူး
ကားလမ်းမပေါ်တွင် ရေပြည့်နေမှုကြောင့် ဇွန်လ (၁၃) ရက်နေ့ကစပြီး ခရီးတင်ယာဉ်များ ပြေးဆွဲမှုကို ရပ်နားထားရသည်။ ဓာတ်ပုံ - တက္ကသိုလ် မောင်ထူး

စိုးအောင် | DMG

ဇူလိုင် ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေသောကြောင့် ရန်ကုန်-စစ်တွေကားလမ်းရှိ မြောက်ဦး-စစ်တွေလမ်းပိုင်ကို ရေကျော်နေသဖြင့် ခရီးသည်များ သွားလာရေးအခက်အခဲ ဖြစ်နေကြသည်။

“သွားလာရအဆင်မပြေတော့ အခက်တွေ့တာပေါ့။ ငွေရေးကြေးရေးတွေ၊ အလုပ်အကိုင်တွေ အများကြီးအခက်အခဲဖြစ်တယ်။ အလုပ်က ကျောက်တော်မှာရှိတာဆိုတော့ စစ်တွေကို Practical လာတက်ရတဲအခါ ခွင့်နှစ်ရက်ပဲယူခဲ့တယ်။ အခုရေကြီးလို့ ကားမထွက်ဘူးဆိုတော့  တော့်တော်ကိုအခက်အခဲဖြစ်တယ်” ဟု စစ်တွေတက္ကသိုလ်တွင် practical ဆင်းနေသည့် ကျောင်းသားတစ်ဦးဖြစ်သူ ကိုသန်းနိုင်ကပြောသည်။

ဇူလိုင် ၁၃ ရက်နေ့ကစပြီး မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ အဝေးပြေးကားလမ်းမပေါ်ရှိ ဝါးတောင်ကျေးရွာအလွန် ချောင်းတုံကျေးရွာ ၊ ပြိန်းချောင်းကျေးရွာ ကားလမ်းမပေါ်တွင် ရေ(၃) ပေခန့် နစ်မြုပ်နေသောကြောင့် ခရီးသည်တင်ယာဉ်များ သွားလာမှုကို ရပ်တန့်ထားရသည်ဟု မြောက်ဦး-စစ်တွေ ကားပြေးဆွဲနေသူ ကိုချမ်းသာကပြောသည်။

“လမ်းမပေါ်မှာ ရေပြည့်နေတာကြောင့် ကားတစ်စီးမှသွားလာလို့မရဘူး။ မြောက်ဦး၊ ကျောက်တော် ၊ စစ်တွေကို လုံးဝသွားလို့မရ။ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ခရီးသည်တွေအတွက် အခက်အခဲဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်စသည့် မြို့နယ်များရှိ ကျေးရွာများကို ရေကျော်ဝင်ရောက်မှုများရှိသဖြင့် ဒေသခံများမှ ဘေးလွှတ်ရာဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံနေကြရသည်။

Author: Admin