- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ကျောက်ဖြူတွင် အသက်(၇)နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ
အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်ကို မိခင်ဖြစ်သူက နေအိမ်တွင် တစ်ဦးတည်းထားခဲ့စဉ် ကလေးငယ် နေအိမ်မှထွက်လာသည်ကို ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဇော်မျိုးနောင်(ခ)မောင်ကြီးနှင့် နိုင်မင်းထွန်းတို့က တွေ့ရှိခဲ့ပြီး ရိုက်နှက်ကာ ချုံပုတ်တစ်ခုတွင် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟု ကျောက်ဖြူမြို့မရဲစခန်းက သိရသည်။
11 Jan 2020

ခိုင်မင်း | DMG
ဇန်နဝါရီ ၁၁၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဇန်နဝါရီလ(၁၀)ရက်နေ့၊ နေ့လယ်(၃)နာရီခန့်က အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသား(၂)ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။
ထိုအသက်(၇)နှစ်အရွယ် မိန်းကလေးငယ်အား မိခင်ဖြစ်သူက နေအိမ်တွင် တစ်ဦးတည်းထားခဲ့ကာ ဂူတာပြင်ပိုက်ဆိပ်သို့ သွားခဲ့သည်။ ထို့နောက် ကလေးငယ် နေအိမ်မှထွက်လာသည်ကို ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဇော်မျိုးနောင်(ခ)မောင်ကြီးနှင့် နိုင်မင်းထွန်းတို့က တွေ့ရှိခဲ့ပြီး ရိုက်နှက်ကာ ချုံပုတ်တစ်ခုတွင် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟု ကျောက်ဖြူမြို့မရဲစခန်းက သိရသည်။
မိန်းကလေးငယ်မှာ ဝဲမျက်လုံးပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ အထက်နှုတ်ခမ်းဝဲဘက်ခြမ်း ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာလက်ဖဝါးပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ နှာခေါင်းဖူးရောင် ညိုမဲဒဏ်ရာ၊ ဝဲမျက်လုံးဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် ဆေးကုသမှုခံယူနေရသည်။ ထို့ကြောင့် ရိုက်နှက်အဓမ္မပြုကျင့်ခဲ့သူနှစ်ဦးကို မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ခဲ့သောကြောင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက ပြောသည်။
“သက်ငယ်မုဒိမ်းပေါ့။ တရားခံတွေကတော့ ဇော်မျိုးနောင်(ခ)မောင်ကြီးနဲ့ နိုင်မင်းထွန်းတို့(၂)ဦးပါ/ အခုကတော့ မုဒိန်းမှု(၃၇၆)နဲ့ အမှုဖွင့်လှစ်ထားပြီးတော့ စစ်ဆေးနေတယ်” ဟု ၎င်းက ဆိုသည်။
ဇော်မျိုးနောင်(ခ)မောင်ကြီးမှာ ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်မှဖြစ်ပြီး နိုင်မင်းထွန်းဆိုသူမှာ ပေါက်တောမြို့နယ်၊ တန်းတင်ကျေးရွာကဖြစ်ကာ ကျောက်ဖြူမြို့တွင် ရေလုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ကြသည်။
အဆိုပါနှစ်ဦးအား ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ)၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးနေသည်ဟု သိရသည်။