- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ဖမ်းဆီးခံရသည့် ကျောက်တော်ဒေသခံနှစ်ဦး လွတ်မြောက်လာ
“လွတ်လာတာကတော့ AA နဲ့ဆက်စပ်မှုမရှိဘူးဆိုပြီးတော့ လွတ်တာတာ။ ဘယ်တပ်ရင်းလည်း ဆိုတာတော့ မျက်နှာဖုံးစွပ်ထားလို့ ကျနော်တို့လည်းမမြင်ရဘူး” ဟု လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
10 Mar 2020
ဝင်းညွန့် | DMG
မတ် ၁၀ ၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖမ်းဆီးခံရသည့် ဒေသခံနှစ်ဦး ယနေ့ မတ်လ ၁၀ ရက်နေ့၊ နံနက် ၉ နာရီကျော်ခန့်က ပြန်လည်လွတ်မြောက်လာသည်။
ခေါင်းတုတ်ကျေးရွာမှ ဦးမောင်ရွှေအေး (၅၄ နှစ်)နှင့် စဖိုသားကျေးရွာမှ ဦးကျော်ငြိမ်း (၅၃) နှစ်တို့သည် မတ်လ ၈ ရက်နေ့၊ နေ့လယ်ပိုင်းက ခေါင်းတုတ်ကျေးရွာအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ရက္ခိုင့်တပ် တော်(AA)နှင့် ဆက်စပ်မှု ရှိ၊မရှိ မေးမြန်းစစ်ဆေးပြီးနောက် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူ ဦးမောင်ရွှေအေးက DMG သို့ပြောသည်။
“ကျနော်တို့ကို မျက်နှာဖုံးပြီးတော့ AA နဲ့ ဆက်စပ်မှုရှိလားဆိုပြီးတော့ စစ်တယ်။ ကျနော်တို့နှစ်ယောက် ဆက်စပ်မှုမရှိဘူးဆိုပြီးတော့ ဖြေလိုက်တယ်” ဟု ၎င်းကဆိုသည်။
ဦးမောင်ရွှေအေးမှာ တာဝါတိုင်ဝန်ထမ်းတစ်ဦးဖြစ်ပြီး နာဂရာ ကျေးရွာသို့ တာဝါတိုင်ပြင်ရန် သွားရောက်ပြီး မိမိကျေးရွာသို့ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့ပြင် ဦးကျော်ငြိမ်းမှာလည်း ဦးမောင်ရွှေအေးနှင့်အတူ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များထံက သိရသည်။
“လွတ်လာတာကတော့ AA နဲ့ဆက်စပ်မှုမရှိဘူးဆိုပြီးတော့ လွတ်တာတာ။ ဘယ်တပ်ရင်းလည်း ဆိုတာတော့ မျက်နှာဖုံးစွပ်ထားလို့ ကျနော်တို့လည်းမမြင်ရဘူး” ဟု လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ်အပါအဝင် မြို့နယ်အမြောက်အများတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။