- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ရသေ့တောင်တိုက်ပွဲကြောင့် လူငယ်တစ်ဦးသေဆုံး
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ အောက်တိုဘာလ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးလည်း ကျည်ဆန် ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
09 Oct 2019
မင်းထွန်း | DMG
အောက်တိုဘာ ၉၊ ရသေ့တောင်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ အောက်တိုဘာလ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးလည်း ကျည်ဆန် ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
သေဆုံးသွားသူမှာ ကျောက်တန်းကျေးရွာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် မောင်အောင်နိုင်ဆိုသူဖြစ် သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
“ကျည်ထိလို့ သေဆုံးတာတော့ ဟုတ်တယ်။ခြေတွေလက်တွေတောင် ပဲ့ထွက်သွားတယ်လို့ပြောတယ်။ ဘယ်ဘက်ကပစ်လို့ ကျတာလည်းမသိရဘူး” ဟု ဦးခင်မောင်လတ် ကပြောသည်။
ကျောက်တန်းကျေးရွာအနီးတွင် အောက်တိုဘာလ (၈)ရက်နေ့၊နံနက် (၉)နာရီကျော်ကပင် တိုက်ပွဲ ဖြစ်ပွားမှုများရှိခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကာ ဒေသခံများစိုးရိမ်မှုများရှိနေသည်။
ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခကြောင့် သေဆုံးသူ (၈၀)ကျော် ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၃၀)ဦးခန့်ရှိ နေသည်။
အောက်တိုဘာလ ၈ ရက်နေ့က ကျောက်တန်းကျေးရွာအနီးတွင်အပြင် ကျောက်တော်မြို့နယ်၊ ဂျင်ခါးစေ့ရွာနှင့် ကျောက်ရှိပြင်ရွာအကြားတွင်လည်းကောင်း၊ ပလက်ဝမြို့နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့် တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။