- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
မာန်အောင်မြို့နယ်တွင် အမည်မသိ အလောင်းတစ်လောင်း တွေ့ရှိ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ နတ်ပြင်ကျေးရွာအနီးတွင် မတ်လ ၁၇ ရက်က အမည်မသိ အမျိုးသား အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ သိရှိရသည်။
By အောင်ကောင်းဇော် 18 Mar 2020
အောင်ကောင်းဇော် |DMG
မတ် ၁၈၊ မာန်အောင်
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ နတ်ပြင်ကျေးရွာအနီးတွင် မတ်လ ၁၇ ရက်က အမည်မသိ အမျိုးသား အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ သိရှိရသည်။
လက်ရှိတွင် အဆိုပါအလောင်းကို မာန်အောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးလျက်ရှိကြောင်း မာန်အောင်မြို့နယ် စခန်းမှ အမှုစစ်စာရေး ဇော်ဝင်းမြင့်က ပြောသည်။
“မနေ့ကတွေ့တာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။ ဆေးရုံကို စစ်ဆေးဖို့ ပို့ထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေတယ်၊ ဘယ်လိုသေတယ်ဆိုတာတော့ မသိရသေးဘူး”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ မာန်အောင်မြို့နယ်ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ထိပ်တန်း သတင်းများ

ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
By Admin 05 Jul 2025

လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
By Admin 05 Jul 2025

တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
By Admin 05 Jul 2025
ဆောင်းပါး
-
စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
-
ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
-
လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
-
ပလက်ဝဒေသ ပထဝီ စီးပွားရေးအခွင့်အလမ်းနဲ့ ကုလားတန်စီမံကိန်း သုံးသပ်ချက်
-
ရောင်စုံ ယမကာများ ထွန်းကားလာချိန်
-
"လူ ၂၆ ယောက် သေနတ် တစ်လက်နဲ့ စခဲ့တဲ့ ၁၆ နှစ်တာ တော်လှန်ရေး ခရီး"