- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
မာန်အောင်လေယာဉ်ကွင်းတွင် ဆိုင်ကယ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ စမုံတဲအုပ်စု၊ မာန်အောင်လေယဉ်ကွင်းတွင် ယနေ့(မတ်လ ၂၃ ရက်)၊ နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်က ဆိုင်ကယ်တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးခဲ့ကြောင်း မာန်အောင် စေတနာရှင်လူမှုကူညီရေးအသင်း(နာရေး)မှ သိရသည်။
23 Mar 2020
အောင်ကောင်းဇော် | DMG
မတ် ၂၃ ၊ မာန်အောင်
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ စမုံတဲအုပ်စု၊ မာန်အောင်လေယဉ်ကွင်းတွင် ယနေ့(မတ်လ ၂၃ ရက်)၊ နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်က ဆိုင်ကယ်တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးခဲ့ကြောင်း မာန်အောင် စေတနာရှင်လူမှုကူညီရေးအသင်း(နာရေး)မှ သိရသည်။
အဆိုပါ သေဆုံးသူမှာ စမုံတဲ ကျေးရွာမှ ဦးမောင်လှစိန် ဆိုသူဖြစ်ပြီး လေယာဉ်ကွင်းအတွင်း ဆိုင်ကယ် ဖြတ်မောင်းရာမှ အရှိန်မထိန်းနိုင်ဘဲ လေယာဉ်ပြေးလမ်းဘေးရောက်ရှိကာ ဆိုင်ကယ်တိမ်းမှောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းမှ ကိုကျော်မိုးနိုင်က ပြောသည်။
“လေယာဉ်ကွင်းထဲက ဖြတ်မောင်းပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ချော်ကျသွားတာ ဖြစ်မယ်။ ဦးကောင်း ကွဲသွားတယ်။ မျက်နှာ ပျက်စီးသွားတယ် ဆိုင်ကယ်နဲ့ လူတော်တော် ဝေးသွားတယ်။ တော်တော် ပြင်းပြင်း မောင်းလာတာဖြစ်မယ်” ဟု ၎င်းကဆိုသည်။
သေဆုံးသူ ရုပ်အလောင်းကို မာန်အောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ယင်းအသင်းမှ သိရသည်။