- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
- ရေနစ်မြုပ်မှုကြောင့် လယ်ဧကပျက်စီးမှု များ၍ ရခိုင်တောင်သူများ အခက်ကြုံ
မအီတွင် ထမင်းပေါင်းအိုးပေါက်ကွဲသဖြင့် ကိုရင်တစ်ပါးနှင့် အမျိုးသမီးနှစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ရတနာ့မာန်အောင်ကျောင်းတိုက် တွင် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဥပုသ်သည်များအား ကျွေးမွေးနိုင်ရန် ဆွမ်းချက်ရာမှ ထမင်းပေါင်းအိုး ပေါက်ကွဲမှုဖြစ်ကာ ကိုရင်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
29 Aug 2019
ခိုင်မင်း(ကျောက်ဖြူ)|DMG
သြဂုတ် ၂၉၊ တောင်ကုတ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ရတနာ့မာန်အောင်ကျောင်းတိုက် တွင် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဥပုသ်သည်များအား ကျွေးမွေးနိုင်ရန် ဆွမ်းချက်ရာမှ ထမင်းပေါင်းအိုး ပေါက်ကွဲမှုဖြစ်ကာ ကိုရင်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ ထမင်းပေါင်းအိုးမှ လေစိမ့်ထွက်ကာပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆွမ်းချက်နေသည့် ကိုရင်တစ်ပါးနှင့် အသက် ၆၀ ကျော်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို မအီဆေးရုံသို့ ပို့ဆောင်စဉ် နောက်ထပ်အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း မအီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုကပြောသည်။
“ဒီနေ့ဥပုသ်သည်တွေရှိတာပေါ့နော်။ ဥပုသ်သည်တွေကို ဆွမ်းချက်နေတဲ့အချိန်၊ ထမင်းပေါင်းနေတဲ့အချိန် အငွေ့ယိုပြီးတော့ ပေါက်သွားတဲ့သဘောရှိတယ်။ အဲဒီနေရာမှာပဲ ကိုရင်လေးတစ်ပါးဆုံးတယ်၊ အသက်(၆၀) ကျော် အမျိုးသမီးတစ်ဦးဆုံးတာပေါ့၊ ကျန်တဲ့(၄)ဦးထဲမှာ ကိုရင်လေးနှစ်ပါးနဲ့ ဥပုဒ်စောင့်တဲ့အမျိုးသမီး(၂)ဦးပေါ့၊ ဒဏ်ရာတွေရလို့ ဆေးရုံကိုယူသွားတယ်၊ မအီကနေပြီးတော့ အမ်းဆေးရုံကိုယူသွားတဲ့အမျိုးသမီး (၂)ဦးမှာ လမ်းမှာတစ်ဦးသေဆုံးတယ်လို့ ကြားသိရတယ်ပေါ့”ဟု ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ထင်းမီးပေါင်းအိုး အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် ဒေါ်မချေ အသက်(၆၁)၊ ဒေါ်မစိန်ဦး အသက် ၆၈ နှစ်နှင့် ကိုရင်ဝရနန္ဒ အသက် (၁၄)နှစ်တို့နှစ်ဦးမှာ အခင်းဖြစ်ချိန်၌ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများမှာ ခြေသလုံပေါက်ပြဲဒဏ်ရာ၊ မျက်လုံးထိခိုက်ဒဏ်ရာ၊ နားထင်ပေါက်ပြဲဒဏ်ရာ ၊ဦးခေါင်းပေါက်ပြဲဒဏ်ရာများအပြင် ရေနွေးပူလောင်ဒဏ်များအသီးသီးရရှိခဲ့ကြသည်။