- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
မင်းပြားတိုက်ပွဲကြောင့် အရပ်သား(၇)ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးတွင် ယနေ့မတ်လ(၉)ရက်နေ့၊ညနေ (၅)နာရီခန့်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား(၇)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၀)ဆောင်ခန့် မီးလောင်သွားသည်ဟု ဒေသခံများထံက သိရသည်။
09 Mar 2020
နှင်းနွယ် | DMG
မတ် ၉၊ မင်းပြား
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးတွင် ယနေ့မတ်လ(၉)ရက်နေ့၊ညနေ (၅)နာရီခန့်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား(၇)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၀)ဆောင်ခန့် မီးလောင်သွားသည်ဟု ဒေသခံများထံက သိရသည်။
ဖားပြိုကျေးရွာအနီး တောင်တန်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရွာ အတွင်းသို့ကျရောက်လာသဖြင့် ဒေသခံများထိခိုက် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဒေသခံ ဦးကျိုင်သာက ပြောသည်။
“သူတို့တွေက ကိုယ့်အိမ်မှာကိုယ်နေကြတာ။ လက်နက်ကြီးကျည်တွေက တိုက်ပွဲဖြစ်တဲ့နေရာကနေလာပြီးတော့ သူတို့တွေကို ထိမှန်သွားတာ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဖားပြိုကျေးရွာသားများမှာ အမ်းသားရွာနှင့် တခြားဘေးလွတ်ရာနေများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဒေသခံများထံက သိရသည်။
မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် က“ဒီနေ့ညနေ (၅)လောက်က မင်းပြား ရာမောင်တံတားဘက်က ပစ်ခတ်သံတွေတော့ ကြားရတယ်။ ခဏကြာတော့ အဲဒီရွာက ဒေသခံတွေက ဖုန်းဆက်ပြီးတော့ အရပ်သားတွေ ဒဏ်ရာရရှိသွားပြီးတော့ နေအိမ်တွေလည်း မီးလောင်နေတယ်လို့ပြောတယ် ” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးသူ(၁၃၀)ကျော်နှင် ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်ထိရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ- ရန်ကုန်) မှသိရသည်။