- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
မိုင်းပေါက်ကွဲပြီးဒဏ်ရာရရှိခဲ့သည့် ၆ တန်းကျောင်းသားတစ်ဦး ညာဘက်လက်ချောင်းများ ဖြတ်လိုက်ရ
မောင်ခိုင်မင်းသိန်း ၁၂ နှစ်အား ဘူးသီးတောင်ဆေးရုံမှတဆင့် မောင်တောဆေးရုံသို့ ယူဆောင်လာခဲ့ရာ ၎င်း၏ လက်ချောင်းများကိုဖြတ်လိုက်ရကြောင်း ဖခင်ဖြစ်သူ ဦးကျော်ဖြူက ပြောသည်။
“သူတို့ကစားတဲ့နေရာမှာ ဒဏ်ရာရတယ်ဆိုတော့မှ သိရတာ။ အခု သားလေးရဲ့အခြေအနေက ဒဏ်ရာရခဲ့တဲ့ ညာဘက်လက်ကိုဖြတ်လိုက်ရပါတယ်” ဟု ဦးကျော်ဖြူက ဆိုသည်။
13 Sep 2019
ဝံသ(မောင်တော) | DMG
စက်တင်ဘာ ၁၃ ၊ မောင်တော
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စု ကျွဲးရိုင်း(နတလ)ကျေးရွာရှိ စာသင်ကျောင်း အနောက်ဘက်လယ်ကွင်းပြင်တွင် မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျောင်းအနောက် လယ်ကွင်းပြင်တွင် ကျောင်းသားများ ကစားနေကြစဉ် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ၆ တန်းကျောင်းသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် မောင်ခိုင်မင်းသိန်းနှင့် မောင်ငြိမ်းချမ်းအောင်တို့မှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
မောင်ခိုင်မင်းသိန်း ၁၂ နှစ်အား ဘူးသီးတောင်ဆေးရုံမှတဆင့် မောင်တောဆေးရုံသို့ ယူဆောင်လာခဲ့ရာ ၎င်း၏ လက်ချောင်းများကိုဖြတ်လိုက်ရကြောင်း ဖခင်ဖြစ်သူ ဦးကျော်ဖြူက ပြောသည်။
“သူတို့ကစားတဲ့နေရာမှာ ဒဏ်ရာရတယ်ဆိုတော့မှ သိရတာ။ အခု သားလေးရဲ့အခြေအနေက ဒဏ်ရာရခဲ့တဲ့ ညာဘက်လက်ကိုဖြတ်လိုက်ရပါတယ်” ဟု ဦးကျော်ဖြူက ဆိုသည်။
အခြားဒဏ်ရာရကျောင်းသားတစ်ဦးဖြစ်သည့် မောင်ငြိမ်းချမ်းအောင် ၁၂ နှစ်တွင် နားရွက်နှင့် ရင်ဘတ်တွင် ထိခိုက်ခဲ့ပြီး ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“တစ်ယောက်ကတော့ ဘူးသီးတောင်ဆေးရုံမှာ နောက်တစ်ယောက်က မောင်တောဆေးရုံမှာ။ တစ်ယောက်ကတော့ လက်မှာထိလို့လက်ပိုင်းလိုက်ရပါတယ်။ ရွာသူ၊ ရွာသားတွေကလည်း အပြင်မထွက် ရဲကြတော့ဘူး”ဟု တင်းမေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သာဦးက ပြောသည်။
နားရွက်နှင့် ရင်ဘတ်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မောင်ငြိမ်းချမ်းအောင်အား ဘူးသီးတောင်မြို့နယ် ဆေးရုံတွင် ယနေ့ ညနေပိုင်းတွင်ခွဲစိတ်မှုလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။