- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မောင်တောတွင် အချုပ်သားများတင်ဆောင်လာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် အချုပ်သားများတင်ဆောင်လာသည့် ယာဉ်တန်းသည် ခရိုင်တရားရုံးမှ အမှုစစ်ဆေးပြီး ပြန်လည်ထွက်ခွာလာခဲ့ရာ ယနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့)၊ ညနေ (၄)နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG ကို အတည်ပြုပြောကြားသည်။
24 Oct 2019

ချလူးအောင် | DMG
အောက်တိုဘာ ၂၄၊ မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် အချုပ်သားများတင်ဆောင်လာသည့် ယာဉ်တန်းသည် ခရိုင်တရားရုံးမှ အမှုစစ်ဆေးပြီး ပြန်လည်ထွက်ခွာလာခဲ့ရာ ယနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့)၊ ညနေ (၄)နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG ကို အတည်ပြုပြောကြားသည်။
အဆိုပါ ယာဉ်တန်းသည် အမှုစစ်ဆေပြီး အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ)သို့ သွားရာတွင် ဘူးသီးတောင်မြို့နယ်၊ သစ်တောကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခံရခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဦးစိုးအောင်က ပြောသည်။
“ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်လို့သိရတယ်။ တိတိကျကျမပြောနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကလည်း ယင်းဖြစ်စဉ်ကိုအတည်ပြုပြီး အသေးစိတ်ကို ရဲတပ်ဖွဲ့ကို မေးရန်သာ ပြောသည်။ ထို့ကြောင့် အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ)သို့ DMG က ဆက်လက်ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်း သတင်းများထွက် ပေါ်နေသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလတွင် အရပ်သားကား များအပါအဝင် ရဲတပ်ဖွဲ့ဝင်ယာဉ်တန်းများ၊ တပ်မတော်ယာဉ်တန်းများလည်း မကြာခဏမိုင်းခွဲတိုက်ခိုက်ခံနေရသည်။ ယခုကဲ့သို့ အချုပ်သားယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် တိုက်ပွဲကာလအတွင်း ပထမဦးဆုံး ဖြစ်သည်။