- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
မာန်အောင်တွင် လုံခြုံရေးတိုးမြှင့်ထား
မာန်အောင်မြို့နယ်တွင် ဆိုလာစွမ်းအင်စက်ရုံဖွင့်ပွဲအတွက် ရဲတပ်ဖွဲ့ (၂၀၀)ကျော်ခန့်ဖြင့် လုံခြုံရေးတိုးမြှင့်ချထားသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည့် အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟု ဒေသခံများကြားတွင် သတင်းထွက်ပေါ်ေနေသည်။
18 Dec 2019
အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၁၈၊ စစ်တွေ
မာန်အောင်မြို့နယ်တွင် ဆိုလာစွမ်းအင်စက်ရုံဖွင့်ပွဲအတွက် ရဲတပ်ဖွဲ့ (၂၀၀)ကျော်ခန့်ဖြင့် လုံခြုံရေးတိုးမြှင့်ချထားသည်ဟု ဒေသခံများထံက သိရသည်။
လာမည့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည့် အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟု ဒေသခံများကြားတွင် သတင်းထွက်ပေါ်နေသော်လည်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က မသိရှိကြောင်း ပြောဆိုသည်။
ခအုန်းမော်ကျေးရွာမှ ဒေသခံတစ်ဦးက “ လုံခြုံရေးတွေကတော့ ဗောဓိကုန်း ဘုန်းကြီးကျောင်းမှာနေပါတယ်။ ဒီလုံခြုံရေးတိုးမြှင့်တာက ဆိုလာစက်ရုံဖွင့်ပွဲအတွက် ချထားတာဖြစ်တယ်လို့တော့ ပြောသံကြားတယ်။ အရင်တုန်းကတော့ အခုလောက်များတဲ့ ရဲအင်အား တစ်ခါမှမမြင်ဖူးဘူး။ အင်အား ၃၀၀ ကျော်လောက်တောင် ရှိမယ်။ တော်တော်တော့ များတယ်”ဟု ပြောသည်။
အဆိုပါ စက်ရုံကို ၂၀၁၈ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် စမ်းသပ်ကာလအဖြစ် ကျေးရွာ၊ ရပ်ကွက်တစ်ချို့ကို လျှပ်စစ်မီးပေးနေပြီဖြစ်သည်။
အဆိုပါ ဆိုလာ စက်ရုံကို POSODEWOO ကုမ္ပဏီမှ ၂၀၁၈ ခုနှစ်က တည်ဆောက်လျက်ရှိခဲ့ပြီး ယခုလက်ရှိတွင် ခအုန်းမော်ကျေးရွာ ရပ်ကွက် ၃ ခုအပါအဝင် မြို့ပေါ် ၅ ရပ်ကွက်နှင့် ကုန်းတန်းကျေးရွာ မြောက်ပိုင်း တို့ကို စမ်းသတ်ကာလအဖြစ် လျှပ်စစ်မီး ပေးနေပြီဖြစ်သည်။