- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
- ရေနစ်မြုပ်မှုကြောင့် လယ်ဧကပျက်စီးမှု များ၍ ရခိုင်တောင်သူများ အခက်ကြုံ
သံတွဲတွင် သင်္ကန်းဝတ်ပြီး အလှူခံနေသူ (၃)ဦးနှင့် ကားမောင်းသူ(၂)ဦးကို ဖမ်းဆီး
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် လှည့်လည်အလှူခံနေသည့် သင်္ကန်းဝတ်ဆင်ထားသူ (၃) ဦးနှင့် ကားမောင်းသမား (၂)ဦးတို့ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
07 Dec 2019
ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၇၊ စစ်တွေ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် လှည့်လည်အလှူခံနေသည့် သင်္ကန်းဝတ်ဆင်ထားသူ (၃) ဦးနှင့် ကားမောင်းသမား (၂)ဦးတို့ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထူးအောင်က ပြောသည်။
၎င်းတို့သည် ကျေးရွာအတွင်းအလှူခံပြီးနောက် ရွာအနီးမှာ လူအဝတ်ကို ချွတ်ပြီး သင်္ကန်းလဲနေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးလိုက်ခြင်းဟု ၎င်းက ဆက်လက်ဆိုသည်။
“သူတို့ကို ဖမ်းလိုက်တာက သူတို့က ကျေးရွာအနီးအနားမှာ လူအဝတ်ကို ချွတ်ပြီးတော့ သင်္ကန်းလဲဝတ်တယ်။ ပြီးတော့ ရွာတွေမှာ လိုက်ပြီးတော့ အယောင်ဆောင်ပြီးတော့ အလှူခံနေတယ်လို့ ပြောတာတွေကြောင့် ဖမ်းလိုက်တာပါ” ဟု ဦးဇော်ထူးအောင်က ပြောသည်။
၎င်းတို့ကို လာမည့် ဒီဇင်ဘာလ (၉)ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း၊ မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို မသိရှိရသေးကြောင်း ၎င်းကဆက်လက်ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်ကြီးနယ်မြေရဲစခန်းမှူးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။