မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (MPC) ၏ ဒုတိယ ဥက္ကဌ ဖြစ်သော သတင်းစာဆရာကြီး ဦးအောင်လှထွန်းအား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ (ဇန်နဝါရီလ ၁၅) တွင် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး အမိန့် ထုတ်ပြန်ချက်အရ သိရသည်။
ပြန်ကြားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံခြင်းခံရသော ဦးအောင်လှထွန်း။
နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော ပြန်ကြားရေး ဒုတိယဝန်ကြီး ခန့်အပ်ခြင်း အမိန့်စာ