DMG ၊ ဇွန် ၁၉

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ က သူငယ်နှင်း ၂ ဦးသည် အရက်အ တူတူထိုင်သောက်ပြီး စကားများရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ကာ သေဆုံးသူ၏ ရုပ်အလောင်းကို မြေမြှုပ် ဖျောက်ထားမှု တခုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

အခင်းဖြစ်စဉ်မှာ အဆိုပါ သူငယ်ချင်းနှစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ က ဦးဘခင်တောင်အနီး ထင်းခွေရန် အတူတူ သွားခဲ့ကြပြီး အပြန်တွင် လယ်ကွင်းပြင်၌ အရက်အတူတူ ထိုင်သောက်ရာ မှ စကားများကြရာ ကိုခင်အေးက ကိုစိုးသန်း ဆိုသူကို ဓားဖြင့် ခုတ်သတ်ကာ သူပိုင်ဆိုင်သည့် နွားတဲ အနောက်ဖက် တွင် အလောင်းအား မြုပ်နှံထားခဲ့ခြင်းကိုတွေ့ရှိခဲ့ရကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ဆိုသည်။

“သူတို့ သူငယ်ချင်း နှစ်ယောက် ထင်းခုတ်သွားကြပြီး အပြန်မှာ အရက်သောက်ကြတဲ့အခါ စကားများပြီး ရန်ဖြစ်ကြရာကနေ ပါလာတဲ့ ဓားနှင် ခုတ်သတ်ပြီး သူပိုင်တဲ့ လယ်ထဲက နွားတဲ နားမှာ မြုပ်ထားခဲ့တယ်။ အဲဒီနေ့က ကိုခင်းအေးက အိမ်ကိုပြန်ရောက်လာပြီး ကိုစိုးသန်း မှာ ပြန်မရောက်တော့ မိသားစုဝင်တွေ လိုက်ရှာတဲ့အခါ ကိုခင်အေး လယ်ထဲက နွားတဲနောက်မှာ ကိုစိုးသန်းအေ လာင်းကို မြေမြုပ်ထားတာ တွေ့ခဲ့ရတယ် ” ဟုသူကပြောဆိုသည်။

ထိုသူတို့နှစ်ဦးမှာ သံတွဲမြို့ အမှတ် ၅ ရပ်ကွက်မှဖြစ်ကြပြီး သေဆုံးသူ ကိုစိုးသန်း၏ အလောင်းကို ဇွန်လ ၁၈ ရက်နေ့က မိသားစုဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူတွင် ဝဲဘက် လည်ပင်း ဓားဒဏ်ရာ တစ်ချက်တွေ့ ရှိရကြောင်း ရဲစခန်းမှ သိရသည်။

လူသတ်မှု ကျူးလွန်သူများ ယခုအခါ ဖမ်းဆီးထားပြီး သူသတ်ခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း ဝန်ခံထားသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမူ့ဖွင့် အ ရေးယူ ဆောင်ရွက်ထားကြောင်းလည်း တာဝန်ကျရဲအရာ ရှိက ဆိုသည်။

Author: DMG