- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
မင်းပြားမြို့နယ်က စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲရှိနေ
“ ထွက်ပြေးလာတဲ့နေ့မှာတော့ ဝါးတောင်မှာနေကြတယ်။ အခက်ခဲတော့ အများကြီးရှိပါတယ်။ အခုလောလောဆယ်တော့ ဝါးတောင်အနီးမှာ အောက်က ကောက်ရိုးခင်းပြီးတော့ တာပေါ်လင်စမိုးပြီးတော့ နေနေရတယ်။ သောက်ရေ၊ သုံးရေကိုတော့ စခန်းအနားမှာရှိတဲ့ တွင်းတွေက ခပ်ပြီး သုံးနေရတယ်”
14 Jan 2020

ဝင်းညွန့် | DMG
ဇန်နဝါရီ ၁၄၊ စစ်တွေ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဝါးတောင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေးအခက်အခဲရှိနေသည်ဟု စစ်ဘေးရှောင်များထံက သိရသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ကုလားမတောင်၊ သလူချောင်း၊ တန်ခွန်တိုင် ကျေးရွာများမှ စစ်ဘေးရှောင် (၂၄၀)ကျော် ခိုလှုံနေကြခြင်းဖြစ်သည်။ ၎င်းတို့သည် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျေးရွာအနီး ပစ်ခတ်မှုများရှိသဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။
“ ထွက်ပြေးလာတဲ့နေ့မှာတော့ ဝါးတောင်မှာနေကြတယ်။ အခက်ခဲတော့ အများကြီးရှိပါတယ်။ အခုလောလောဆယ်တော့ ဝါးတောင်အနီးမှာ အောက်က ကောက်ရိုးခင်းပြီးတော့ တာပေါ်လင်စမိုးပြီးတော့ နေနေရတယ်။ သောက်ရေ၊ သုံးရေကိုတော့ စခန်းအနားမှာရှိတဲ့ တွင်းတွေက ခပ်ပြီး သုံးနေရတယ်” ဟု စခန်းတွင်ခိုလှုံနေသည့် ကုလားမတောင်ကျေးရွာမှ ဒေါ်စိန်ဖြူက ပြောသည်။
လတ်တလောတွင် စစ်ဘေးရှောင်များနေထိုင်ရေးအတွက် ယာယီစခန်းဆောက်လုပ်ပေးထားကာ အကူအညီများရရှိရန်အတွက် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)ကို တင်ပြထားသည်ဟု ကူညီဆောင်ရွက်ပေးနေသူ မြတန်ဆောင်းဆရာတော်က မိန့်သည်။
“ သူတို့ကို အခုတော့ ဝါးရွာအနီးမှာ ယာယီစခန်းဆောက်ပေးထားတယ်။ ICRC အဖွဲ့ကိုတော့ တင်ပြထားရှိတယ်။ လောလောဆယ်တော့ မရောက်သေးဘူး” ဟု ဆရာတော်က မိန့်သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့် အခက်အခဲများရှိနေသည်။