- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
မြောက်ဦးတိုက်ပွဲကြောင့် ရွာသားသုံးဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မြောက်မြို့နယ်၊ ရမ်းချောင်းဖျားတောင်တန်းတွင် ယနေ့(ဒီဇင်ဘာလ ၁ ရက်)၊ နေ့လယ်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသောကြောင့် ရွာသားသုံးဦး ဒဏ်ရာရရှိသွားသည်။
02 Dec 2019
အောင်ထိန် | DMG
ဒီဇင်ဘာ ၂ ၊ မြောက်ဦး
ရခိုင်ပြည်နယ်၊ မြောက်မြို့နယ်၊ ရမ်းချောင်းဖျားတောင်တန်းတွင် ယနေ့(ဒီဇင်ဘာလ ၁ ရက်)၊ နေ့လယ်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသောကြောင့် ရွာသားသုံးဦး ဒဏ်ရာရရှိသွားသည်။
အဆိုပါ ရွာသားသုံးဦးမှာ နလိပ်ကျေးရွာရှိ မိမိနေအိမ်တွင်ရှိနေစဉ် ရွာအရှေ့ဘက် ရမ်းချောင်းဖျားမှလာသည့် လက်နက်ကြီးကျည်ဆံပေါက်ကွဲကာ ကျည်စများထိမှန်၍ ဒဏ်ရာရရှိသွားခြင်းဟု ဒဏ်ရာရသူတစ်ဦး၏ ဖခင် ဦးအင်္ဂါက ပြောသည်။
“တိုက်ပွဲက မနေ့ညနေကပင် ဖြစ်နေတာ။ မနက်ထိ ဆက်တိုက်ပစ်ခတ်နေတယ်။ တိုက်ပွဲက ရမ်းချောင်းဖက်မှာ ဖြစ်နေတာ။ ဆက်တိုက်ပစ်နေကြတာပဲ။ လက်နက်ကြီးအသံကိုလည်း ကျနော်တို့မကြားလိုက်ရဘူး။ ကျလာတာကတော့ ရွာအလယ်တည့်တည့်ကိုကျပြီး ပေါက်ကွဲတဲ့အချိန်မှာ ဒဏ်ရာရသွားတယ်” ဟု ၎င်းက ဆိုသည်။
ဒဏ်ရာရရှိသူများမှာ မစန္ဒာဝင်း (၂၂)နှစ်၊ မောင်ဘထွန်း(၁၈)နှစ်နှင့် မနန္ဒမိုး (၁၃)နှစ် တို့ဖြစ်သည်။ မစန္ဒာဝင်းတွင် လက်မောင်းနှင့်လည်ပင်းတွင် ဒဏ်ရာရရှိသွားပြီး မောင်ဘထွန်းမှာ ဘယ်ဖက်လက်မောင်းနှင့် မနန္ဒာမိုးမှာ ညာဘက်လက်မောင်းတွင် ဒဏ်ရာရရှိသွားသည်။
“ဒဏ်ရာအခြေအနေက စိုးရိမ်စရာမဟုတ်ပေမယ့် (မြောက်ဦး)ဆေးရုံတော့ ပို့ထားတယ်။ လမ်းခရီးက အခြေအနေမကောင်းတာနဲ့ လွှတ်တော်အမတ်တွေကို အကြောင်းကြားလိုက်တယ်။ သူတို့ကလာပြီ်း ကျနော်တို့လည်း ဝိုင်းဝန်းပို့ဆောင်ထားတယ်” ဟု မနန္ဒာမိုး၏ဖခင် ဦးအင်္ဂါက ပြောသည်။
နလိပ်ကျေးရွာတွင် အိမ်ခြေ (၇၀)ကျော်ရှိကာ လူဦးရေ (၃၀၀)ကျော်နေထိုင်ကြသည်။ ရွာအနီးတောင်တန်းတွင် တိုက်ပွဲဖြစ်ပွား၍ လက်နက်ကြီးကျည်ဆံများ ရွာထဲသို့ကျရောက်လာသဖြင့် ကျေးရွာရှိ ဘေးလွတ်ရာနေရာများကို ရှာဖွေကာ ပုန်းခိုနေကြရသည်ဟုလည်း ဒေသခံများထံက သိရသည်။