(ဆေးကုသခံနေသော NLD နာယက သူရဦးတင်ဦးအား တွေ့ရစဉ်။ ဓါတ်ပုံ - Soe July)

အမျိုးသားဒီမိုကရေစီအဖွဲချုပ်၏ နာယက သူရဦးတင်ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန် လာရေးအတွက် ဂွမြို့နယ်မှ NLD ပါတီဝင်များ ဒီမိုကရေစီစနစ်ကို လိုလာသူများနှင့် သူရဦးတင်ဦး အား လေးစားတန်ဖိုးထားသူများမှ ကျန်းမာရေးဆုတောင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါဆုတောင်းပွဲကို ဂွမြို့သိမ်ကုန်းစေတီတော်တွင် မေလ  ၁၈ ရက် ညနေ နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဆုတောင်းပွဲပြုလုပ်ရာတွင်ပါဝင်သည့် ဂွမြို့ခံ ကိုစိုးမင်းအောင်က DMG ကို ပြောသည်။

'' ကျနော်တိုနာယက ဘဘဦးတင်းဦး ကျန်းမာရေးမကောင်းတဲ့အတွက် မြို့နယ်က NLD ပါတီဝင် တွေနဲပြည်သူတွေရောပေါင်းပြီးတော့ ဘဘဦးတင်ဦး ကျန်းမာရေးပြန်ကောင်းလာဖိုအတွက် ဆုတောင်းပွဲ လုပ်သွားမှာပါ။ '' ဟု င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယကကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးဟာ မေလ ၁၇ ရက်နေ ၁၁ နာရီကျော်က င်း၏နေအိမ် ရေချိုးခန်းထဲတွင် ချော်လဲကာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရွှေဂုံတိုင်ဆေးရုံသိုတင်ပို့ခဲ့ရပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ဦးနှောက်နှင့်အာရုံကြော အထူးကုသဌာနတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

Author: မျိုးမြင့်ဇော်