- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်က ရဟတ်ယာဉ်သုံးပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောဆိုချက် တပ်မတော်ငြင်း
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဲတော်ကျေးရွာနှင့် အောင်မကျော်ကျေးရွာကြားရှိ ကွမ်းချောင်းကုန်းတွင် အောက်တိုဘာလ ၁၆ ရက်နေ့က တပ်မတော်နှင့် အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁၇ ရက် နေ့လည် ၁၂ နာရီခန့်တွင် တပ်မတော်က ၎င်းတိုက်ပွဲဖြစ်ပွားရာနေရာအနီးကို ရဟတ်ယာဉ်နှစ်စီးဖြင့် နာရီ ဝက်ခန့်ပစ်ခတ်ခဲ့ကြောင်း အောင်မကျော်ကျေးရွာသားများထံမှ သိရသည်။
17 Oct 2019
ကျော်သူဌေး | DMG
အောက်တိုဘာ ၁၇ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဲတော်ကျေးရွာနှင့် အောင်မကျော်ကျေးရွာကြားရှိ ကွမ်းချောင်းကုန်းတွင် အောက်တိုဘာလ ၁၆ ရက်နေ့က တပ်မတော်နှင့် အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁၇ ရက် နေ့လည် ၁၂ နာရီခန့်တွင် တပ်မတော်က ၎င်းတိုက်ပွဲဖြစ်ပွားရာနေရာအနီးကို ရဟတ်ယာဉ်နှစ်စီးဖြင့် နာရီ ဝက်ခန့်ပစ်ခတ်ခဲ့ကြောင်း အောင်မကျော်ကျေးရွာသားများထံမှ သိရသည်။
ထိုသို့ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် အောင်မကျော်ကျေးရွာမှ နေအိမ် ၄ လုံးတွင် အိမ်ခေါင်မိုးများ ပေါက်ထွက်သွားခဲ့ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် အောင်မကျော်ကျေးရွာသား တစ်ဦးက ပြောသည်။
“လေယာဉ်နှစ်စီးနဲ့လာပစ်တယ်။ ကျည်ဆံအခွံကျလာတာ အိမ်မှာကျတယ်။ အိမ်ခေါင်ပေါက်သွားတယ်။ ရွာမှာ ၅ ဆောင်ပေါက်သွားတယ်။ လူတော့ အထိအခိုက်မရှိဘူး။ ကြောက်ပေမယ့် ထွက်ပြေးလို့လဲမရဘူး။ လမ်းမှာ တစ်ခုခုဖြစ်မှာစိုးရိမ်တယ်။ အိမ်အောက်မှာ ပုန်းနေရတယ် ” ဟု ၎င်းကဆိုသည်။
ဒေသခံကျေးရွာသားများ ပြောဆိုသကဲ့သို့ တပ်မတော်မှ ရဟတ်ယာဉ်သုံးပစ်ခတ်တာမရှိကြောင်း အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းပယ်သည်။
“ဘာမှ လေယာဉ်လဲ မသုံးဘူး။ တိုက်ပွဲဖြစ်တာတော့မှန်တယ်။ လေယာဉ်တော့မသုံးဘူး ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။
တပ်မတော်က ရဟတ်ယာဉ်သုံးပစ်ခတ်ရာနေရာတွင် အနီးဆုံးရှိနေသည့် အောင်မကျော်ကျေးရွာသည် အိမ်ခြေ ၇၀ ခန့်ရှိပြီး ကျေးရွာသားများမှာ တိုက်ပွဲဖြစ်သည့်နေ့ကပင် ရွာအတွင်းပိတ်မိလျက်ရှိနေကြောင်း သိရသည်။