- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
လက်နက်ကိုင်များဖမ်းဆီးသွားသည့် ရမ်းဗြဲ NLD ဘဏ္ဍာရေးမှူးသတင်း တစ်လခန့်ကြာသည့်တိုင် အစအန မရသေး
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် NLD ပါတီ၏ ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းအား လက်နက်ကိုင်ဆောင်ထားသူ အချို့မှ ဖမ်းဆီခေါ်ဆောင်သွားခြင်း ခံခဲရပြီး တစ်လခန့်ကြာသည်အထိ အဆက်အသွယ်မရရှိသေးကြောင်း ရမ်းဗြဲမြို့နယ် NLD ပါတီဝင်များထံမှ သိရသည်။
06 Mar 2020
အောင်ကောင်းဇော် | DMG
မတ် ၆ ၊ ရမ်းဗြဲ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် NLD ပါတီ၏ ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းအား လက်နက်ကိုင်ဆောင်ထားသူ အချို့မှ ဖမ်းဆီခေါ်ဆောင်သွားခြင်း ခံခဲရပြီး တစ်လခန့်ကြာသည်အထိ အဆက်အသွယ်မရရှိသေးကြောင်း ရမ်းဗြဲမြို့နယ် NLD ပါတီဝင်များထံမှ သိရသည်။
ယခုကဲ့သို့ အဆက်အသွယ်မရရှိသည့်အတွက် မိသားစုများအနေဖြင့် စိုးရိမ်နေကြကြောင်း ရမ်းဗြဲမြို့နယ် NLD ပါတီအတွင်းရေးမှူး ဦးခင်ရီကပြောသည်။
“ခုထိ အဆက်အသွယ် မရသေးဘူး။ ကျနော်တို့ ရမ်းဗြဲရဲစခန်းမှာ အမှုဖွင်ထားတယ်။ အချိန်က တစ်လနီးပါး ဖြစ်လာပြီ။ ဘာမှထူးခြားတာ မရှိသေးဘူး။ ရဲစခန်းကိုလည်း မကြာမကြာသွားမေးဖြစ်တယ်။ မသိရသေးဘူးလို့ ပြောတယ်” ဟု ဦးခင်ရီက DMG ကို ပြောသည်။
ကိုဇေယျာမင်းအား ဖေဖေါ်ဝါရီလ ၈ ရက်နေ့က လက်နက်ကိုင်ဆောင်ထားသူ ၈ ဦးမှ ရမ်းဗြဲမြို့နယ် ကျောက်ဆောက်ကျေးရွာနှင့် ကုလားပုန်းကျေးရွာအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဖမ်းဆီး ခံရခြင်းကို NLD ပါတီဗဟိုသို့ တင်ပြထားကြောင်း ဦးခင်ရီထံမှ သိရသည်။
ကိုဇေယျာမင်းအား ရခိုင့်တပ်တော်(AA)မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များမှ စွပ်စွဲပြောဆိုမှုများရှိသော်လည်း ယင်းသို့ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ငြင်းဆိုထားသည်။