- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
- ရေနစ်မြုပ်မှုကြောင့် လယ်ဧကပျက်စီးမှု များ၍ ရခိုင်တောင်သူများ အခက်ကြုံ
တပ်မတော်ကခေါ်ယူသွားသည့် မင်းပြားဒေသခံ (၄၀)ကျော် ပြန်ရောက်လာ
တပ်မတော်က လမ်းပြအဖြစ် ခေါ်သွားသည့် မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာမှ ဒေသခံ(၄၀)ကျော်မှာ အောက်တိုဘာလ ၂၃ ရက်နေ့၊ညနေ (၄)နာရီကျော်ခန့်တွင် မိမိနေရပ်သို့ပြန်လည်ရောက်ရှိလာသည်ဟု ဒေသခံများထံက သိရသည်။
24 Oct 2019
ဝင်းညွန့် / DMG
အောက်တိုဘာ ၂၄၊ စစ်တွေ
တပ်မတော်က လမ်းပြအဖြစ် ခေါ်သွားသည့် မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာမှ ဒေသခံ(၄၀)ကျော်မှာ အောက်တိုဘာလ ၂၃ ရက်နေ့၊ညနေ (၄)နာရီကျော်ခန့်တွင် မိမိနေရပ်သို့ပြန်လည်ရောက်ရှိလာသည်ဟု ဒေသခံများထံက သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့၊နံနက်ပိုင်းက ယင်းရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုမိုင်းဆွဲတိုက်ခိုက် ခံခဲ့ရသည်။ထို့ကြောင့် ယင်းကျေးရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့ကာ ရွာသား(၄၀)ကျော်ကို ခေါ် ယူသွားခြင်းဖြစ်သည်။
“ ကျွန်တော်တို့ကို ရာမောင်တံတားအနီးကိုခေါ်သွားတယ်။ ညနေ ၄ နာရီလောက်မှာ ပြန်လွတ်လာတယ်။ လမ်းမှာတော့ သတ်တာ၊ ပုတ်တာတွေတော့ မရှိဘူး ” ဟု ခေါ်ဆောင်ခံရသူ ဦးမောင်စိန်က ပြောသည်။
အဆိုပါ ကျေးရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေးစဉ်အတွင်း နေအိမ်တစ်ချို့မှ ရွှေ၊ငွေများကိုလည်း ယူ သွားသည်ဟု ဒေသခံများက စွပ်စွဲကြသည်။သို့သော် ယင်းသို့ယူဆောင်ခြင်းမရှိကြောင်း တပ်မတော်ဘက်က ငြင်းဆိုသည်။
ယမန်နေ့က လက်ခုပ်ကျေးရွာ နှင့် စိတ္တရကျေးရွာအကြားတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားသည်။