ဇန်နဝါရီလ ၅ | DMG
နေရောင်မင်း၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ မိနစ် ၃၀ အထက် တိုက်ပွဲပေါင်း ၆၈၁ ကြိမ်အထိဖြစ်ပွားခဲ့သည်ဟု ဇန်နဝါရီလ ၄ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။
တိုက်ပွဲအကြိမ်ရေများမှာ ဇန်နဝါရီလတွင် (၂၉)ကြိမ်၊ ဖေဖော်ဝါရီလတွင် (၃၁)ကြိမ်၊ မတ်လတွင် (၆၁)ကြိမ်၊ ဧပြီလတွင် (၂၆)ကြိမ်၊ မေလတွင် (၆၅)ကြိမ်၊ ဇွန်လတွင် (၄၅)ကြိမ်၊ ဇူလိုင်လတွင် (၅၀)ကြိမ်၊ သြဂုတ်လတွင် (၆၅)ကြိမ်၊ စက်တင်ဘာလတွင် (၆၈)ကြိမ်၊ အောက်တိုဘာလတွင် (၉၃)ကြိမ်၊ နိုင်ဝင်ဘာလတွင် (၈၉)ကြိမ်နှင့် ဒီဇင်ဘာလတွင် (၅၉)ကြိမ် တို့ဖြစ်ကြောင်း ထုတ်ပြန်သည်။
ထိုသို့တိုက်ပွဲဖြစ်ပွားမှုများတွင် တပ်မတော်ဘက်မှ ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၃၅၆၂ ဦးရှိကြောင်းလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်ဖက်မှ ဒဏ်ရာရရှိသူနှင့် သေဆုံးသူစာရင်းမှာ ဇန်နဝါရီလတွင် (၈၈) ဦး၊ ဖေဖော်ဝါရီလ (၉၂)ဦး၊ မတ်လတွင် (၂၂၀)ဦး၊ ဧပြီလတွင် (၂၅၄)ဦး၊ မေလတွင်(၄၉၀)ဦး၊ ဇွန်လတွင် (၃၄၃)ဦး၊ ဇူလိုင်လတွင် (၃၆၄)ဦး၊ သြဂုတ်လတွင် (၇၈၃)ဦး၊ စက်တင်ဘာလတွင် (၁၅၀)ဦး၊ အောက်တိုဘာလတွင် (၂၄၇)ဦး ၊ နိုဝင်ဘာလတွင် (၄၁၄)ဦးနှင့် ဒီဇင်ဘာလတွင် (၁၁၇)ဦးဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
ယင်းသို့ တိုက်ပွဲအတွင်း တပ်မတော်မှ ထိခိုက်ကျဆုံးသူများစာရင်းကို ဖော်ပြသော်လည်း AA ဘက်က ထိခိုက်ကျဆုံးမှုများနှင့်ပတ်သက်ပြီး ထုတ်ပြန်ဖော်ပြထားခြင်း မရှိပေ။
ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းကျော်အထိ ရှိလာသည်။
တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးသူ (၁၀၀)ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၀၀ ကျော်အထိ ရှိနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။




