- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
စစ်တွေမြို့မှ အမျိုးသမီးသတင်းထောက်တစ်ဦးတွင် Covid–19 ပိုးတွေ့
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်အခြေစိုက်သည့် Narinjara သတင်းဌာနမှ အမျိုးသမီးသတင်းထောက် တစ်ဦးထံတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း ယနေ့(စက်တင်ဘာလ ၂၂ ရက်)တွင် ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။
22 Sep 2020
ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၂၂ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်အခြေစိုက်သည့် Narinjara သတင်းဌာနမှ အမျိုးသမီးသတင်းထောက် တစ်ဦးထံတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း ယနေ့(စက်တင်ဘာလ ၂၂ ရက်)တွင် ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။
အဆိုပါသတင်းဌာနရုံးကို သြဂုတ်လ ၂၁ ရက်နေ့မှစ၍ ပိတ်ထားသည့်အတွက် ပိုးတွေ့လူနာမှာ ရုံးတွင်ရှိသည့် ဝန်ထမ်းများနှင့် ထိတွေ့မှုမရှိကြောင်း Narinjara သတင်းဌာန လက်/ထောက်အယ်ဒီတာ ကိုမာန်ယုကျော်က ပြောသည်။
“သူနေမကောင်းဖြစ်တာ တစ်ရက်၊ နှစ်ရက်ရှိတော့ ဒီနေ့မှာ အနံ့မရဖြစ်ပြီးတော့ ဝမ်းလျှောလို့ ဆေးရုံမှာ သွားစစ်တော့တွေ့တာဖြစ်တယ်။ သူကတော့ ကျန်းမာရေးအခြေအနေကောင်းတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် ယခင်ကလည်း စစ်တွေမြို့၌ပိုးတွေ့ရှိခဲ့သည့် CB ဘဏ်ဝန်ထမ်းအမျိုးသမီးနှင့်ဆက်စပ်ပြီး သတင်းထောက်တစ်ဦး ကွာရန်တင်းဝင်ခဲ့ရသေးသည်။
ရခိုင်ပြည်နယ်အတွင်းတွင် စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၉၀၀ ကျော်ရှိပြီး ယင်းအထဲမှ ဆေးရုံမှဆင်းခွင့်ရသူ ၅၀၀ ကျော်ရှိကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့(စက်တင်ဘာလ ၂၂ ရက်)အထိ ကိုဗစ်အတည်ပြုလူနာ ၆၇၄၃ ဦးရှိကာ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၉၅၁ ဦးရှိသည်။ Covid-19 ပိုးတွေ့လူနာများထဲမှသေဆုံးသူမှာ မြန်မာတစ်နိုင်ငံလုံးတွင် ၁၁၅ ဦးရှိပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်မှလည်းပါဝင်သည်။