- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
မူလတန်းပြဆရာမတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မူလတန်းပြကျောင်းဆရာမတစ်ဦးအား အဓမ္မပြုကျင့်ကာ ပစ္စည်းများလုယက်ပြီး သတ်ဖြတ်ခဲ့သည့် တရားခံရွှေထူး(ခ)အေးချမ်းကို ဇွန် ၂၅ ရက်နေ့တွင် ကျောက်ဖြူခရိုင်တရားရုံးမှ သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
26 Jun 2020
ခိုင်မင်း(ကျောက်ဖြူ) | DMG
ဇွန် ၂၆ ၊ ကျောက်ဖြူ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မူလတန်းပြကျောင်းဆရာမတစ်ဦးအား အဓမ္မပြုကျင့်ကာ ပစ္စည်းများလုယက်ပြီး သတ်ဖြတ်ခဲ့သည့် တရားခံရွှေထူး(ခ)အေးချမ်းကို ဇွန် ၂၅ ရက်နေ့တွင် ကျောက်ဖြူခရိုင်တရားရုံးမှ သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါအမှုအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ (၁)နှစ်ခွဲအကြာစစ်ဆေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ဂ)အရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တရားခံအား သေဒဏ်ချမှတ် လိုက်ခြင်းဖြစ်ကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲမှူးရုံးမှ ဒုရဲမှူးကျော်ကျော်ဝင်းက ရှင်းပြသည်။
မူလတန်းပြဆရာမသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ရမ်းဗြဲမြို့နယ်ရှိ မိမိနေအိမ်မှ တာဝန်ကျရာ တောင်ရင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်စဉ် ကျောင်းသို့ရောက်ရှိလာခြင်းမရှိခဲ့ပေ။
သို့ဖြစ်၍ ကျောင်းအုပ်ဆရာမကြီးမှ မိသားစုဝင်များထံ အကြောင်းကြားခဲ့သဖြင့် လိုက်လံရှာဖွေကြရာ သပြေကျွန်းကျေးရွာအနီး ကားလမ်းမဘေးတွင် လည်ပင်းညိုမဲဒဏ်ရာနှင့် မအင်္ဂါစပ်တွင် သွေးထွက် ဒဏ်ရာတို့ဖြင့် မူလတန်းပြဆရာမအား သေဆုံးလျက်တွေ့ရှိခဲ့သည်။
ယင်းမူလတန်းပြဆရာမတွင် ပါရှိသည့် ဖုန်းနှင့် နားကပ်တစ်စုံမှာလည်း လုယက်ခံခဲ့ရခြင်းဖြစ်သည်။