• English
Development Media Group

  • မူလစာမျက်နှာ
  • သတင်း
  • မြန်မာ့ရေးရာ
  • နိုင်ငံတကာ
  • ဆောင်းပါး
  • အတွေးအမြင်
    • အယ်ဒီတာ့အာဘော်
  • ရုပ်သံ
    • DTV NEWS
    • DTV Daily News
    • ရခိုင်လူမှုဘဝ
    • လူငယ်ရေးရာ
    • ရခိုင်ရိုးရာဓလေ့
    • ရခိုင်အမျိုးသမီးအသံ
  • အင်တာဗျူး
  • လူမှုဘဝ
  • DMG အကြောင်း
    • ဂျာနယ်
  • သတင်း
  • ရသေ့တောင်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

ရသေ့တောင်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

Details
အောင်ထိန်
Jul 8, 2020
Hits: 417
ရသေ့တောင်
  • ရသေ့တောင်
  • မိုင်း
  • Victim
 
အောင်ထိန် | DMG
ဇူလိုင် ၈ ၊ ရသေ့တောင်
 
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ ဒေသခံတစ်ဦးသည် ယနေ့(ဇူလိုင်လ ၈ ရက်) နေ့လည် ၁၂ နာရီခွဲအချိန်ခန့်ကမိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း ၎င်းရွာသားများထံမှ သိရသည်။
 
ဒဏ်ရာရရှိသူမှာ ဦးဦးကျော်သန်း (၆၆)နှစ်ဖြစ်ပြီး ယနေ့နံနက်ပိုင်းက ကျေးရွာ၏မြောက်ဘက်တွင်ရှိသော နွားစားကျက်ကွင်းတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း င/တောက်တူကျေးရွာမှ ဦးညိုစံအောင်က DMG သို့ ပြောသည်။
 
“ခြေနှစ်ဖက်လုံးကတော့ ကြွေမွသွားတယ်။ ဖြတ်ရမယ့်အနေအထားရှိတယ်။ ဒဏ်ရာကတော့စိုးရိမ်ရတယ်” ဦးညိုစံအောင်က ပြောသည်။
 
လက်ရှိအချိန်၌ ၄င်းမှာ ရသေ့တောင်မြို့နယ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေပြီး စစ်တွေမြို့ဆေးရုံကြီးသို့ ယူဆောင်လာမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
 
အလားတူ ဧပြီလအတွင်းကလည်း ရသေ့တောင်မြို့နယ် င/စံဘော်ကျေးရွာမှ အသက်(၅၇)နှစ်အရွယ် ဦးသိန်းမောင်သည် ရွာနှင့် ၆ ဖာလုံအကွာရှိ တောင်တန်းအနီးသို့ ကျွဲရှာရန်သွားစဉ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။
 
ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ၂၀၁၉ ခုနှစ်အတွင်းက အရပ်သား (၈၆)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၇၄)ဦးရှိခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)မှ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
 
ယင်းသို့ သေဆုံး၊ဒဏ်ရာရရှိမှုများသည် နှစ်ဘက်လက်နက်ကိုင်တိုက်ပွဲများကြားတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် မိုင်းအန္တရာယ်များကြောင့်ဖြစ်သည်ဟု MIPS အကြီးတန်းသုတေသနတာဝန်ခံ ဦးနေလင်းအောင်က ဆိုသည်။
Author: Admin

Twitter

ဆက်စပ်သတင်းများ

  • ရသေ့တောင်မြို့နယ် သမီးလှကျေးရွာကို တပ်မတော်ဝင်ရောက်
  • ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအုပ်ချုပ်ရေးမှူးအား AA ၏ အမာခံလူဟု တပ်မတော်ထုတ်ပြန်
  • တပ်မတော်က လမ်းပြအဖြစ်ခေါ်သွားသည့် ရသေ့တောင်ဒေသခံ ပြန်မရောက်သေး

DTV Daily News

ဧပြီလ ၇ ရက်နေ့ DTV Daily News
Details
Admin
Apr 7, 2020
Hits: 5514
Twitter
More

နောက်ဆုံးရသတင်းများ

တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုမှ ထုတ်ပြန်
Details
DMG
Feb 13, 2021
Hits: 98
ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုရှိလာကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များပြော
Details
DMG
Feb 13, 2021
Hits: 42
သြစတြေးလျ ဒုတိယအကြီးဆုံးမြို့တော်ကို ဗိုင်းရပ်စ်ထိန်းချုပ်ရေး လော့ဒေါင်းချမည်
Details
DMG
Feb 13, 2021
Hits: 65
ကမ္ဘာ့နိုင်ငံအများအပြား မြန်မာနှင့် သံတမန်ဆက်ဆံရေး လျှော့ချပြီး အရေးယူပိတ်ဆို့မှုများ မြှင့်တင်
Details
Foreign Desk
Feb 12, 2021
Hits: 135
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ
Details
DMG
Feb 12, 2021
Hits: 616
ဘဏ်များ ယာယီပိတ်ထားသည့်အတွက် ဒေသခံများ အခက်ကြုံ
Details
Admin
Feb 12, 2021
Hits: 67

လူဖတ်များသောသတင်းများ

  • ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ
  • ရခိုင်အကျပ်အတည်း ကိစ္စရပ်များကို တပ်မတော်အစိုးရနှင့် ဆပ်စပ်ဆောင်ရွက်သွားမည်ဟု ANP ပါတီက ရခိုင်ပြည်သူများသို့ အစီရင်ခံ
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ANP မှ ပါဝင်နေခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး လက်မခံရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၄၇ ဖွဲ့က တိုက်တွန်း
  • ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုနေကြ

Our Channels

Development News Journal
DMG Burmese Edition
DMG English Edition
Facebook
Twitter
Youtube
DTV Daily News

Contact

DMG News Agency
Sittwe, Rakhine State
Phone: 09426293095, 09777562257
E-mail: dtvnews17@gmail.com , development.tvnews@gmail.com

About DMG

Development Media Group (DMG) ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၌ ထူထောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဂျာနယ်ကို မြန်မာပြည်တွင်းတွင် တရားဝင်မှတ်ပုံတင်ခဲ့ပြီး .. read more

Copyright © 2021 Development Media Group. All Rights Reserved.