Photo - New China

ဉာဏ်ဟိန်း | DMG
ဒီဇင်ဘာ ၂၇ ၊ စစ်တွေ

တရုတ်အာကသလွန်းပျံယာဉ်မှ မလိုပ်သောအစိတ်ပိုင်းများသည် ရခိုင်ပြည်နယ် မာန်အောင်လေဆိပ်၏ တောင်ဘက်ရေမိုင် (၄၅) မိုင်ခန့်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၃) မိုင်ခန့်နှင့် ပုသိမ်လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင် (၆၀) မိုင်ခန့် ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်၌ ကျရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ‌လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှဒီဇင်ဘာ ၂၅ ရက်စွဲဖြင့် သတိပေးထုတ်ပြန်လိုက်သည်။

အဆိုပါ အစိတ်ပိုင်းများကျ‌ရောက်နိုင်သည့် နေရာများမှာ ရခိုင်ကမ်းရိုး တန်းတစ်လျှောက် ချောင်းသာ၊ ဂွနှင့် သံတွဲဒေသ အနောက်ဘက်ရှိ ရခိုင်နှင့် ဧရာဝတီ ငါးဖမ်းကွက်အတွင်းဖြစ်ပြီ ထိုနေရာများတွင် ရေယာဉ်ကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ကမ်းဝေး၊ နီးငါးဖမ်းရေယာဉ်များ၊ အပျော်စီး ခရီးသွားရေယာဉ်များနှင့် စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချ ရပ်နားထားခြင်း၊ ငါးဖမ်းခြင်းမပြုရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနလည်း ထုတ်ပြန်ထားသည်။

Author: Admin