- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် Mask တစ်ခုကို ငွေကျပ်(၁၀၀၀)ခန့် ပေးဝယ်နေရပြီ
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူများ စတင်တွေ့ရှိသည်ဟု သတင်းထုတ်ပြန်ပြီး တစ်ရက်အကြာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယခင်က ငွေကျပ်(၃၀၀)နှုန်းဖြင့် ရောင်းချခဲ့သည့် Mask တစ်ခုကို ငွေကျပ်(၁၀၀၀) သို့မဟုတ် ငွေကျပ် (၁၅၀၀)ပေးပြီး ရောင်းချနေသည်ကို တွေ့ရှိရသည်။
26 Mar 2020
နှင်းနွယ် | DMG
မတ် ၂၅ ၊ စစ်တွေ
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူများ စတင်တွေ့ရှိသည်ဟု သတင်းထုတ်ပြန်ပြီး တစ်ရက်အကြာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယခင်က ငွေကျပ်(၃၀၀)နှုန်းဖြင့် ရောင်းချခဲ့သည့် Mask တစ်ခုကို ငွေကျပ်(၁၀၀၀) သို့မဟုတ် ငွေကျပ် (၁၅၀၀)ပေးပြီး ရောင်းချနေသည်ကို တွေ့ရှိရသည်။
ကိုနာရိုနာဗိုင်းရပ်စ် ဂယက်မထခင်က အဖြူရောင် Mask တစ်ခုကို ငွေကျပ် (၅၀)ဖြင့်သာ ရောင်းချခဲ့ကြသည်။ သို့သော် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကူးစက်ခံရသူ၊ သေဆုံးသူများပြားလာသည့် အခါတွင် ငွေကျပ်(၅၀၀)နှုန်းဖြင့် ရောင်းချလာကြသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တွေ့ရှိသည်ဟု ကြေငြာပြီး နောက်တစ်ရက်အကြာတွင် ငွေကျပ် (၁၀၀၀)နှင့် ငွေကျပ် (၁၅၀၀)နှုန်းအထိ အသီးသီးမြင့်တက်သွားခြင်းဖြစ်သည်။
ဈေးကွက်တွင်ရှိသည့် Mask အရေအတွက်ထက် ဝယ်ယူသုံးစွဲသူမှာ ပိုများပြားလာနေသည့်အတွက် ဆေးကုမ္ပဏီများနှင့် ဆေးဆိုင်များက ဈေးနှုန်းမြှင့်တင်လိုက်ကြခြင်းဖြစ်သည်ဟု စစ်တွေမြို့လမ်းမကြီးက ဆေး ဆိုင်ပိုင်ရှင် ကိုနေမျိုးဦးက ပြောသည်။
“အရင်က Maskတစ်ခုကို ငါးဆယ်နဲ့ရောင်းတယ်။ ဆယ်ခုပါတဲ့တစ်ကဒ်ကို ငါးရာပတ်ဝန်းကျင်ပဲ ရောင်းတယ်။ နောက်ပိုင်း Maskတစ်ခုကို သုံးရာနဲ့ခုနစ်ရာကြား ရောင်းကြတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါပိုး တွေ့တယ်လို့ ဆိုရော Mask တစ်ခုကို ၅၀၀နဲ့ ၁၅၀၀ ကြားထိဈေးမြှင့်ပြီးရောင်းလာကြတယ်”ဟု ၎င်းကဆိုသည်။
ကိုနေမျိုးဦးဖွင့်လှစ်ထားသည့် ဆေးဆိုင်တွင် တစ်ရက်လျှင် Mask အရေအတွက် (၁၆၀)ခန့် ရောင်းချရသည်။ ဝယ်ယူသူများပြားလွန်းသောကြောင့် နယ်မြို့များမှတစ်ဆင့် မှာယူရောင်းချနေရသည်ဟုလည်း ၎င်းက ဆက် လက်ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကိုစင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ နှာချေ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ရန်၊ လူထူထပ်သည့် နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ရန် စသည်တို့ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရထားရသူ ချင်းပြည်နယ်တွင် တစ်ဦးနှင့်ရန်ကုန်တွင် နှစ်ဦးရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။