- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
ရခိုင်မှာ တစ်လအတွင်း အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသူ ၁၃ ဦးရှိ ၊ ၆၅ ဦးမှာ ဖမ်းဆီးခံထားရ
ရခိုင်ပြည်နယ်အတွင်းတွင် ထောင်ဒဏ်တစ်သက်တစ်ကျွမ်းအထိ ချမှတ်ခံရနိုင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံရသူမှာ ပြီးခဲ့သည့် မေလအတွင်းက ၁၃ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
08 Jun 2020

မင်းထွန်း | DMG
ဇွန် ၈ ၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်းတွင် ထောင်ဒဏ်တစ်သက်တစ်ကျွမ်းအထိ ချမှတ်ခံရနိုင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံရသူမှာ ပြီးခဲ့သည့် မေလအတွင်းက ၁၃ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
သတင်းမီဒီယာများနှင့် အဖွဲ့အစည်းများ၏ထုတ်ပြန်များမှ ကောက်ယူထားသည့်စာရင်းများအရ မေလအတွင်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသူ ၁၃ ဦးနှင့် တရားစွဲမခံရသေးဘဲ ဖမ်းဆီးခံထားရသူမှာ ၆၅ ဦးအထိရှိခဲ့ကြောင်း AAPP ၏ ဇွန်လ ၅ ရက်နေ့ထုတ်ပြန်ချက်က ဆိုသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားခံထားရသူများမှာ မောင်တော၊ တောင်ကုတ်နှင့် ရသေ့တောင်မြို့နယ်များမှဖြစ်ကြပြီး ဖမ်းဆီးခံထားရသူများမှာ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်များမှ ဖြစ်ကြသည်ဟု 3..ဆိုသည်။
“၇၈ ယောက်အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အထဲမှာ ၁၃ ယောက်ဟာ တရားစွဲဆိုခံထားရတယ်။ ကျန်တဲ့ ၆၅ ယောက်ကျတော့ တရားစွဲမခံရသေးဘူး” ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။
(AA/ULA)ကို မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက မတ်လ ၂၃ ရက်နေ့တွင် ကြေငြာပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းမှ အရပ်သားများ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရား စွဲဆိုခံရမှုမှာ များပြားလာနေသည်ဟု ဝေဖန်မှုများရှိနေသည်။
ယင်းသို့ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် မကြေငြာမီ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိစာရင်းအရ ရခိုင်ပြည်နယ်အတွင်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူထားသည့်အမှုပေါင်း ၁၀၉ မှုရှိခဲ့ကြောင်း ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းမှ ပြည်နယ် လွှတ်တော်အတွင်း တင်ပြချက်များအရ သိရသည်။
ထိုသို့ အရပ်သားများကို သံသဖြင့်ဖမ်းဆီးစစ်ဆေးစဉ်ကတည်းက အမှန်တကယ် အကြမ်းဖက်အဖွဲ့အစည်းနှင့် ပတ်သက်မှု ရှိ/မရှိ စစ်ဆေးပြီးမှ တရားစွဲဆိုသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။
“အခုကျတော့ ထစ်ကနဲဆိုရင် အကြမ်းဖက်ဥပဒေနဲ့စွဲတယ်၊ တရားရုံးကျမှ ပြန်လွတ်သူလွတ်ဆိုတော့ ကာယကံရှင်တွေအတွက် အများကြီးနစ်နာတယ်။ အဲဒါကြောင့် ဒီဟာတွေက အမှန်တကယ် ဟုတ်တယ်ဆိုရင် ပြဿနာမဟုတ်ပါဘူး၊ မဟုတ်ဘဲခံရသူတွေအတွက်တော့ နစ်နာဆုံးရှုံးမှုတွေရှိတယ်” ဟု ၎င်းကပြောသည်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာလည်း အေအေနှင့်ဆက်နွယ်သည် ဆိုသော စွပ်စွဲချက်များဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုမှုများရှိနေသည်။
ထို့ကြောင့် ရပ်/ကျေးကျေးရွာအုပ်ချုပ်ရေးမှူးများ မြို့နယ်လုံးကျွတ် နှုတ်ထွက်စာတင်လိုက်သဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများတွင် ထိခိုက်မှုရှိလာနေသည်။