မျိုးမြင့်ဇော် | DMG
ဧပြီလ ၂၆ ၊ သံတွဲ

 

ရခိုင်ပြည်နယ် ၊ သံတွဲမြို့တွင် ဧပြီလ ၂၅ ရက်နေ့က သက်ငယ် မုဒိမ်းမှုဖြစ်ပွားခဲ့ပြီး မိန်းကလေးငယ်မှာဆေးရုံ တွင် ဆေးကုသနေရသည်။

 

ဧပြီလ ၂၅ ရက်နေ့၊ညနေ ၆ နာရီအချိန်ခန့်က အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယောက်ျားလေးသည် မိန်းကလေးငယ်ကို ရေကန်တစ်ကန်အနီးသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဟု ရဲမှတ်တမ်းများအရ သိရသည်။

 

“ဒီအမှုက ကလေးအချင်းချင်းဖြစ်တဲ့ အမှုဖြစ်တဲ့အတွက် အရမ်းညင်ညင်သာသာကိုင်တွယ် နေရတယ်။ လက်ရှိမှာ ကလေးသူငယ်ဆိုင်ရာ ဥပဒေအရ ဆောင်ရွက်နေတယ်”ဟု သံတွဲမြို့ မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြော သည်။

 

လက်ရှိတွင် အသက်(၁၂) နှစ်အရွယ် ယောက်ျားလေးကို (ပ) ၃၁၀/၂၀၂၀/ရာဇသတ်ကြီး၊ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားကာ ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေကြောင်း သံတွဲမြို့မရဲ စခန်းမှ သိရသည်။

Author: Admin