- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
တောင်ကုတ်မြို့နယ်တွင် ယာဉ်တိမ်းမှောက်၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပေါက်ပြင်ကျေးရွာသင်္ချိုင်းအနီးတွင် ယနေ့ မတ်လ၂၇ နေ့၊ နံနက် ၆ နာရီ ကျော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်ဟု မြို့နယ်လူမှုကူညီရေးအသင်းထံက သိရသည်။
27 Mar 2020

ဝင်းညွန့် | DMG
မတ် ၂၇ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပေါက်ပြင်ကျေးရွာသင်္ချိုင်းအနီးတွင် ယနေ့ မတ်လ၂၇ နေ့၊ နံနက် ၆ နာရီ ကျော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်ဟု မြို့နယ်လူမှုကူညီရေးအသင်းထံက သိရသည်။
လူလေးယောက်သည် တောင်ကုတ်မြို့မှ ဘူးရွှေမော်ကျေးရွာသို့သွားရာ ယာဉ်တိမ်းမှောက်ခဲ့ခြင်းသည်။ ထိုယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု တောင်ကုတ်မြို့ ဝေယာဝိစ္စနာရေးကူညီမူအသင်း ဥက္ကဌ ဦးတင့်ထွန်းအောင်က DMG ကိုပြောသည်။
“သူတို့ ရန်ကုန်ကနေပြီးတော့ ဆေးခန်းပြပြီးပြန်လာတာ။ သူတို့ရွာကိုသွားဖို့ ကားမရှိတော့ ဘုန်းကြီးကျောင်းက ကားကိုမှာပြီး ပြန်လာတာ။ ပြန်လာတော့ ပေါက်ပြင်ကျေးရွာ သင်္ချိုင်းအနီးမှာ မှောက်သွားတာ”ဟု ၎င်းကဆိုသည်။
ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းကို ဆက်သွယ်ရာတွင် ဖြစ်စဉ်မှန်ကန်ကြောင်း၊ အသေးစိတ် မသိရှိရသေးဟုဆိုသည်။ တောင်ကုတ်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ကားအရှိန်မထိန်းနိုင်၍ တိမ်းမှောက်သွားခြင်းဟု ဆိုသည်။
ဒဏ်ရာရရှိသူများမှာ တောင်ကုတ်ဆေးရုံတွင် ဆေးကုသမူခံယူနေပြီး ပြင်းထန်ဒဏ်ရာမရရှိပေ။ သေဆုံးသူ ရုပ်အလောင်းကို ဘူးရွှေမော်ကျေးရွာသို့ ပို့ဆောင်ထားသည်ဟု တောင်ကုတ်မြို့ ဝေယာဝိစ္စနာရေး ကူညီမှု အသင်းမှ သိရသည်။